Saturday, August 4, 2007

ဖေဖေ

-ညာဘက်မေးပေါ်မှာ အမွေးပါမှဲ ့လှလှနဲ့၊ အစဉ်အပြုံးချိုမြတဲ့သူ။

-မိဘနဲ့နှမတွေကို စိုးရိမ်ပူပန်စွာနဲ့စောင့်ရှောက်တတ်သူ။

-ရုံးကျောင်းပိတ်ရက်အားလပ်ချိန်တိုင်း၊သားသ္မီးတွေကိုစိတ်ရှည်လက်ရှည်စာပြပေးသူ...

-ညနေချိန်ဆို မိသားစုတွေ၊မိတ်ဆွေတွေနဲ ့ ကြက်တောင်ရိုက်ကစားပေးတဲ့သူ။

-စေတနာချိုသလို၊ဆုံးမစရာတွေ ့ရင်လည်းအာမနာတမ်းဆူဆုံးမတတ်သူ...

-မှန်တာကိုပြော၊မှန်တာကိုလုပ်၊အမှန်တရားကိုမြတ်နိုးတတ်တော့၊

တစ်ရံတစ်ခါမှာ၊ ဘေးလူတွေကခွကျတယ်ဟုအမြင်ခံရတတ်တဲ့သူ။

-လက်အောက်ငယ်သားဝန်ထမ်းတွေရဲ့အားကိုးတိုင်ပင်ခြင်းကိုခံရသူ...သူတို့တွေရဲ့အိမ်ထောင်ဖက်တွေကိုခဏခဏလိုက်တောင်းပေးရတတ်တဲ့သူ။

-အလုပ်မှာပွဲလမ်းသဘင်ရှိပြီဆိုလည်း၊အခမ်းနားအတွက်အိမ်မှာရုံးကြီးတစ်ရုံးအလား၊

ဝန်ထမ်းတွေအုပ်စုလိုက်နဲ့ပျော်ပါးစွာပြင်ဆင်ပေးတတ်တဲ့သူ။

-ဆရာ ဆိုတဲ့ခေါ်သံကြားလိုက်ရင်ပဲ၊ ဟေ ဆိုပြီးကူညီဖို ့အဆင်သင့်ရှိနေတတ်တဲ့သူ။

-ဘောလုံးပွဲမှာစင်ကျိုးကျလို ့ ခြေထောက်ကျိုးချိန်၊ နေမကောင်းဖြစ်ခဲ့တဲ့အချိန်တွေဆို၊

အိမ်မှာအိမ်သားတွေတောင်နေစရာမရှိဘဲ၊

မိတ်ဆွေတွေကစိုးရိမ်စိတ်နဲ့ဝိုင်းဝန်းပြုစုခြင်းခံရတဲ့သူ။

-ဘယ်အရာကိုမဆို၊ယုံကြည်ချက်နဲ့၊အင်တိုက်အားတိုက်၊စွမ်းအားအပြည့်နဲ့လှုပ်ရှားတတ်သူ။

-အားလုံးအပေါ် မေတ္တာ၊စေတနာ၊အကြင်နာတွေအပြည့်ပေးတဲ့သူ ့ကို

ကျွန်မအသက်ရှင်နေစဉ်တလျှောက်လုံး၊ရိုသေဦးညွတ်နေမှာပါ...ဖေဖေ။။

Friday, August 3, 2007

ညီလေးရေ ..

ညီလေးရေ လမ်းမမှားအောင်ရွေးကွာ အချိန်များဟာ နည်းလွန်းတယ်ဘဝမှာ
ညီလေးရေ မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရနိုင်တာ မင်းနားလည်ပါ။

ညီလေးရေ လောကစာမျက်နှာ သင်ကြားပါ ကောင်းမှုရှာတဲ့အခါ
ညီလေးရေ အများအကျိုးဆောင်ယူပါ နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ။

စည်းနှစ်ဖက်ရဲ့ကြား မင်းရပ်မနေနဲ့ကွာ ၊ ဒါတွေဝေတတ်သူအလုပ် တို ့နဲ့မဆိုင်ပါ။
လမ်းတစ်ခုသာရွေး ၊အမှား သို့မဟုတ် အမှန် ဒါပဲပေါ့ကွာယုံကြည်စိတ်ထား။

မင်းသွေးများအားနည်းနေလား ၊သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့် လူသားတစ်ယောက်အဖြစ်နဲ့။

ညီလေးရေ လမ်းရွေးပြီးရင်သွားကွာ အချိန်မရှိပါ တို့နောက်မှာသေခြင်းတရား
ညီလေးရေ လမ်းဆုံးရင်ရွာတစ််ရွာ ရောက်ရှိဖို ့ယုံပါ စွဲမြဲခိုင်မာ။

ညီလေးရေ မင်းအကြောင်းဟာ သမိုင်းမှာမှတ်သားစရာရှိခဲ့မယ်မဟုတ်ပါ
ညီလေးရေ အားလုံးဟာမရေရာ ဝမ်းနည်းဖို ့မလိုတာ မင်းနားလည်ပါ။

(အကြိုက်ဆုံး အဆိုတော် ထူးအိမ်သင် ရဲ့တေးတစ်ပုဒ်)