Saturday, February 24, 2024

地球の家なき子~忘れられた3億人の子ども達~

ကမ္ဘာပေါ်မှာ အသက်၁၈နှစ် အောက်ကလေးငယ်ပေါင်း ၂၂ကုဋေ ရှိတယ်လို့ ယူနီဆက်ရဲ့ ၂၀၀၆ခုနှစ်က အချက်လက်တွေအရသိရပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ထဲမှာ မိဘကမလိုချင်ဘဲနဲ့မွေးလာလို့ မှတ်ပုံတင်မထားတဲ့ကလေးတွေ၊ ဘယ်နိုင်ငံကမှန်းမသိတဲ့ အားလုံးကမေ့ထားကြတဲ့ကလေးငယ်အရေတွက်ဟာ ၃ကုဋေလောက်ရှိပါတယ်တဲ့။

စစ်ပွဲတွေ၊ သဘာဝဘေးတွေ၊ နောက် ဆင်းရဲတဲ့ဒဏ်တွေကြောင့် အိုးအိမ်မဲ့ပြီး၊ လူတွေကလည်း မေ့ထားကြတဲ့ ကလေးငယ်တွေဟာ၊ သူတို့အချင်းချင်းစုပြီး နေထိုင်ကြတဲ့ ကလေးများရွာတွေဟာလည်း အခုအခါ ကမ္ဘာအနှံမှာ ရှိနေပါတယ်။ အဲဒီကလေးငယ်တွေ နေထိုင်တဲ့ ကမ္ဘာနေရာတစ်ချို့က ကလေးရွာတွေကို သရုပ်ဆောင် ၄ယောက်က သွားရောက်လည်ပတ်တဲ့ နီဟွန် တီဗီ ( Nippon Television ) ရဲ့ 「地球の家なき子~忘れられた3億人の子ども達~」 {ကမ္ဘာပေါ်ကအိမ်မဲ့နေတဲ့ကလေးတွေ၊မေ့ထားကြတဲ့ ကလေးငယ် ၃ ကုဋေ} အစီစဉ်လေးကိုပြန်လည် ဝေမျှပေးလိုက်ပါတယ်။


၁။ မြန်မာ၊လာအိုနဲ့နယ်နိမိတ်ဆက်နေတဲ့ ထိုင်းမှာ နာနာ လို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ ကလေးငယ်တွေချည်းပဲနေထိုင်ကြသတဲ့။ ၄နှစ်ကနေ ၁၈နှစ်အောက် ကလေးငယ်ပေါင်း ၁၃၁ ယောက်။ အဲဒီရွာရဲ့ နေရေးထိုင်ရေးစားဝတ်နေရေးကအစစ အဘက်ဘက် သူတို့ ခြေထောက်ပေါ်မှာပဲ သူ့တို့ရပ်တည်နေကြတယ်။ ရွာသူကြီးက အသက်၁၈နှစ်အရွယ် ကောင်လေး။ ရွာက ကလေးငယ်တဝက်ကျော်ကျော်ဟာ မိဘက စွန့်ပစ်လို့၊ အရောင်းစားခံရလို့စတဲ့ အကြောင်းတွေနဲ့ ဆင်းရဲတဲ့ကလေးတွေ။ အဲဒီရွာမှာ နေယင်း ကျောင်းသွားကြ၊စာသင်ကြနဲ့ ဆင်းရဲတွင်းက ရုန်းထွက်နိုင်အောင် ကြိုးစားနေကြတယ်။တီဗွီအစီစဉ်ထဲမှာ သရုပ်ဆောင်Azusa Yamamotoက ကလေးရွာကို တစ်ပတ်ကြာ သွားနေခဲ့တယ်။ အဲဒီမှာ အဖေကနှိပ်စက်လို့ မိသားစုပြိုကွဲသွားပြီး၊ နုနယ်တဲ့ နှလုံးသားမှာ ဒဏ်ရာရှိခဲ့တဲ့ အသက်၁၄နှစ်အရွယ် ဘွန်ဆို ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီ ဘွန်ဆိုလေးရဲ့ ကူညီတတ်ပုံ၊ ဘဝတူကလေးငယ်လေးအပေါ် အမတစ်ယောက်လို ကြင်နာတတ်ပုံတွေ တွေ့ရပါတယ်။နောက် Azusa ကအနီးနားတဝိုက်က ဒေသတစ်ချို့ကို သွားတဲ့အခါ ကလေးငယ်ကို အလုပ်လုပ်ဖို့ လာခေါ်တဲ့ ပွဲစားအမျိုးသမီးကြီး၊ ရိုးရိုးစားသောက်ဆိုင်မှာ လုပ်ရမယ်လို့ ထင်နေတယ် ကောင်မလေးတွေ၊ မိသားစု စားဝတ်နေရေးအတွက် ရောင်းစားကြတဲ့ မိသားစုတွေနဲ့တွေ့ခဲ့သေးတယ်။ နောက် အဲဒီမှာ အသက်၁၃နှစ်အရွယ်မှာ အရောင်းခံ လိုက်ရပြီး၊ မြို့ပေါ်တက်အလုပ်လုပ်ငွေရှာပေးပြီး၊ အခုသူ့မိဘဆီ AIDS ရော၈ါနဲ့ အတူ ပြန်ရောက်လာတဲ့ အသက် ၂၃ နှစ်အရွယ် ဝေဒနာသည် တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပုံလည်း စိတ်မကောင်းစရာ တွေ့ရပါတယ်။

ကလေးရွာကို သွားခဲ့တဲ့ Azusa က ကလေးငယ်တွေဟာ ဝေဒနာကို အပြုံးနဲ့၊ ကြေကွဲမှုတွေကို တေးသီချင်းနဲ့ ပြောင်းလဲပြီး၊ သူတို့ဘဝတွေကို ဖြောင့်ဖြောင့်တန်းတန်း အသက်ရှင်နေကြတယ် ။ အဲဒါတွေဟာ ဝမ်းသာစရာဖြစ်ပေမယ့် ၊ သူတို့ဘဝလေးတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြောင်းတွေ ပျောက်ကွယ်သွားတာမဟုတ်ဘူး။ ငါတို့ လူကြီးတွေ အဲဒီကလေးငယ်တွေအတွက် ဘာများလုပ်ပေးနိုင်မလဲ-တဲ့။

Living Costs and Prices in Japan ဂျပန်နိုင်ငံရှိ နေထိုင်မှုစရိတ်များ

 ဂျပန်မှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ အစီအစဉ်ရှိပါသလား။
ဂျပန်မှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ရှိတယ်ဆိုရင်​တော့ ကုန်ကျစရိတ်တွေကို ကြိုတင်သိထားမယ်ဆိုရင် ဘတ်ဂျက်ကိုလဲသေချာစီစဉ်နိုင်မှာဖြစ်ပါတယ်။ 
ဂျပန်နိုင်ငံက ကျောင်းလခနဲ့ နေထိုင်မှုကုန်ကျစရိတ်အကြမ်းဖျင်းကို Japan Student Services Organization က အချက်အလက်တွေအပေါ်အခြေခံပြီး မိတ်ဆက်ပေးသွားပါမယ်။ 
ရည်မှန်းချက်တွေအကောင်အထည်ဖော်မယ့် ဂျပန်ခရီးအတွက် ငွေရေးကြေးရေးပြင်ဆင်နိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။





ဂျပန်တွင် နေထိုင်မှုကုန်ကျစရိတ်

ဂျပန်နိုင်ငံရဲ့နေထိုင်မှုစရိတ်ဟာ နေရာဒေသအပေါ်မူတည်ပြီး ကွဲပြားပါတယ်။

တိုကျိုနဲ့တခြားမြို့ကြီး​တွေဟာ နယ်ဒေသ​တွေနဲ့ နှိုင်းယှဉ်ရင် ငှားရမ်းခပိုများပါတယ်။
တစ်နိုင်ငံလုံးခြုံကြည့်မယ်ဆိုရင် အိမ်ခန်းဌားခတစ်လပျမ်းမျှ ယန်း ၃၈၀၀၀ ဝန်းကျင်​ပေမဲ့ တိုကျိုမှာကတော့ ယန်း ၅၀၀၀၀ ခန့်အထိ ခုန်တက်သွားပါတယ်။
ဒါ့အပြင် မြို့ပြဒေသတွေမှာတော့ မြို့လယ်ခေါင်က ရုံး၊ကျောင်းနီးနီးနဲ့အိမ်ရှာဖို့ နည်းနည်းခက်ခဲမှာဖြစ်သလို၊ 
ကျောင်းနဲ့၀ေးသွားပြန်ရင်လဲ ခရီးစရိတ်ကတက်လာမှာဆိုတာ သတိပြုရပါမယ်နော်။ ရုံး၀န်ထမ်းဆိုရင်တော့ ခရီးစရိတ်ကို များ​သောအားဖြင့် ရုံးကပေးပါတယ်။

ဒီအချက်အလက်တွေနဲ့ ဂျပန်မှာ ပညာသင်ကြားရာတွင်ဖြစ်စေ၊ အလုပ်လုပ်ရာတွင်ဖြစ်စေ ငွေကြေးပိုင်းဆိုင်ရာကဏ္ဍကို ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်သလို၊ 
လက်တွေ့မှာလဲ ကုန်ကျစရိတ်ဘတ်ဂျက်အတွက် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ပါလိမ့်မယ်လို့​ မျှော်လင့်ပါတယ်။။

Sunday, February 18, 2024

ဂျပန်မှာကျောင်းတက်မယ်ဆိုရင်

 အခုတစ်လော ဂျပန်မှာကျောင်းတက်ချင်လို့ ကျောင်းသားဗီဇာနဲ့ပတ်သက်ပြီး မေးတဲ့သူတွေများတာကြောင့်၊ ကျောင်းတက်ဖို့စဉ်းစားတဲ့အခါ လုပ်ဆောင်ရမယ့်အဆင့်တွေကို မျှဝေပေးချင်ပါတယ်။





အဆင့် ၁ _ သတင်းအချက်အလက်စုဆောင်းခြင်း
မိမိတို့သင်ယူလိုတဲ့ ဘာသာရပ်၊ ဘာသာစကားစွမ်းရည်နဲ့ ကုန်ကျစရိတ်တွေကို စုံစမ်းရပါမယ်။

အဆင့် ၂ _ ကျောင်းရွေးချယ်ခြင်း
တစ်နှစ်လောက်ကြိုတင်ပြီး မိမိတက်လိုတဲ့ ကျောင်းရဲ့လမ်းညွန်နဲ့ ကျောင်း၀င်ခွင့်လျှောက်လွှာကိုတောင်းယူရပါမယ်။ 
ကျောင်း၀င်ခွင့်အရည်အချင်း၊ စာမေးပွဲစတာတွေကို စစ်ဆေးရပါမယ်။

အဆင့် ၃ _ စာမေးပွဲဖြေဆိုခြင်း
မိမိတက်ရောက်လိုတဲ့ကျောင်းရဲ့ လိုအပ်တဲ့စာမေးပွဲကိုဖြေဆိုပါ။ (JLPT, EJU, TOEFL, IELTS, SAT, IB, etc)

အဆင့် ၄ _ စာရွက်စာတမ်းတင်ခြင်း
၉လကနေ၆လလောက်ကြိုတင်ပြီး တက်ရောက်လိုတဲ့ကျောင်းသို့ လိုအပ်တဲ့စာရွက်စာတမ်းတွေပို့ရပါမယ်။ စာမေးပွဲကြေးကို ပေးချေရပါမယ်။

အဆင့် ၅ _ ၀င်ခွင့်ဖြေဆိုခြင်း
ကျောင်းဖက်ကနေ စာရွက်စာတမ်းတွေစီစစ်လက်ခံပြီးတဲ့အခါမှာ အင်တာဗျူးနဲ့ ကျောင်း၀င်ခွင့်စာမေးပွဲကို ဖြေဆိုပါမယ်။

အဆင့် ၆ _ ကျောင်း၀င်ခွင့်လုပ်ငန်းစဉ်များကိုဆောင်ရွက်ခြင်း
ကျောင်း၀င်ခွင့်စာရွက် ရလာပြီဆိုရင်၊ ကျောင်းလခပေးချေရပါမယ်။ ကျောင်းဖက်ကနေ Certificate of Eligibility လျှောက်ပေးပြီး၊ ကျောင်းသားဆီကို လှမ်းပို့ပေးပါမယ်။

အဆင့် ၇ _ ဂျပန်ကိုထွက်ခွာရန် ပြင်ဆင်ခြင်း
သံရုံးမှာ ဗီဇာလျှောက်ထားခြင်း၊ လေယာဉ်လက်မှတ်နဲ့ အာမခံအတွက်စီစဉ်၀ယ်ယူခြင်းလုပ်ရပါမယ်။




 
 ဂျပန်နိုင်ငံမှာ ပညာသင်ကြားရန် လုပ်ဆောင်ရမယ့် အဆင့်ခုနစ်ဆင့်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ 
စိန်ခေါ်မှုအသစ်ဆီကို သတ္တိရှိရှိလှမ်းလျှောက်ရင်း၊ ဂျပန်ပညာသင်ခရီး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။။


#Planning to study in Japan
#Japan #studentvisa #study

Saturday, February 17, 2024

ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ဗီဇာအမျိုးအစားများ

 

  ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအတွက် မှန်ကန်တဲ့ဗီဇာရရှိဖို့ရာ အရေးကြီးပါတယ်။ ဂျပန်နိုင်ငံမှာက တင်းကျပ်တဲ့ ဗီဇာမူဝါဒတွေရှိပြီးရက်ပေါင်း ၉၀ ကျော်နေထိုင်ရန် စီစဉ်ထားတယ်ဆိုပါက၊ ဗီဇာရယူရန် လိုအပ်ပါတယ်။ 
 နိုင်ငံခြားသားအများစုအနေနဲ့ ဂျပန်နိုင်ငံကို မဝင်ရောက်ခင်ကတည်းက ဗီဇာရယူရန်လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင် ဂျပန်ကို စလာတုန်းက ဗီဇာယူဖို့ဆိုတာ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတစ်ရပ်လိုခံစားခဲ့ရပါတယ်။ ဗီဇာရရှိအောင်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေဟာ ရှုပ်ထွေးနိုင်ပေမယ့်လည်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး၊ စာရွက်စာတမ်းတွေမှန်ကန်နေတယ်ဆိုရင် ဂျပန်နိုင်ငံမှာ ရေရှည်ဗီဇာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဂျပန်ကိုလာမယ့်ရည်ရွယ်ချက် နဲ့ နေထိုင်လိုတဲ့ကာလအလိုက် ဂျပန်တွင်ရရှိနိုင်တဲ့ ဗီဇာအမျိုးအစား အမျိုးမျိုးရှိပြီး၊ အသုံးအများဆုံး ဗီဇာအမျိုးအစားတစ်ချို့ကို ပြောပြချင်ပါမယ်။
 

  • Tourist visa: ခရီးသွားဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံကို ခရီးသွားရန် သို့မဟုတ် လည်ပတ်ကြည့်ရှုလိုသူတွေအတွက် ဖြစ်ပါတယ်။ မိသားစု၊မိတ်ဆွေ၊သူငယ်တွေဆီကို သွားရောက်လည်ပတ်လိုသူများလည်း လျှောက်ထားနိုင်ပါတယ်။ အများဆုံးနေထိုင်ခွင့်က ရက် ၉၀ ဖြစ်ပါတယ်။

  •   Working visa: အလုပ်ဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် စီစဉ်နေသူများအတွက် ဖြစ်ပါတယ်။ အလုပ်ဗီဇာကို ဂျပန်ကုမ္ပဏီမှထုတ်ပေးပြီး၊ သက်တမ်းက တစ်နှစ်၊ သုံးနှစ် သို့မဟုတ် ငါးနှစ်ဖြစ်ပါတယ်။

  •  Student visa: ကျောင်းသားဗီဇာ- ဂျပန်တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ဘာသာစကားကျောင်းတွင် ပညာသင်ကြားရန် စီစဉ်နေသူများအတွက် ဖြစ်ပါတယ်။ သက်တမ်းက ပညာသင်ကြားနေစဉ်ကာလတစ်လျှောက် အကျုံးဝင်ပါတယ်။ 

  •  Dependent visa: မှီခိုဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံမှာ တရားဝင်အလုပ် သို့မဟုတ် ကျောင်းသားဗီဇာရှိသူ၏ မိသားစုဝင်များအတွက်ဖြစ်ပါတယ်။ 

  •  Technical intern training visa: နည်းပညာဆိုင်ရာ အလုပ်သင်လေ့ကျင့်ရေးဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံတွင် အလုပ်သင် သို့မဟုတ် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ရန် စီစဉ်နေသူများအတွက်ဖြစ်ပြီး၊ ငါးနှစ်အထိ သက်တမ်းရှိပါတယ်။ 

  •  Cultural activities visa: ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုဗီဇာ- ဒီဗီဇာက အထူးပြု ပညာရပ်ဆိုင်ရာ သို့မဟုတ် အနုပညာလှုပ်ရှားမှုများ ၊ ဂျပန်ယဉ်ကျေးမှု သို့မဟုတ် အနုပညာနှင့်ပတ်သက်သည့် သုတေသနနဲ့လုပ်ငန်းတွေမှာ ပါဝင်ရန်စီစဉ်သူများအတွက်ဖြစ်ပါတယ်။သက်တမ်းကတော့ ၃လ၊၆လ၊၁နှစ်၊၃နှစ်စသည့်ဖြင့်အမျိုးမျိုးရှိပါတယ်။ 

  •  Spouse or child of a Japanese national visa: ဂျပန်နိုင်ငံသား၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီး ဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံသားနှင့်တရား၀င် လက်ထပ်ထားသူများ၊သားသမီးများအတွက်ဖြစ်ပါတယ်။

  •  Permanent residency visa: အမြဲတမ်းနေထိုင်ခွင့်ဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ပြီး ဘာသာစကားကျွမ်းကျင်မှု၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းကဲ့သို့သော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအတွက်ဖြစ်ပါတယ်။ 
  ဗီဇာလိုအပ်ချက်တွေနဲ့ လျှောက်ရမယ့်စာရွက်စာတမ်း၊လုပ်ငန်းစဉ်တွေက လာရောက်မယ့် ရည်ရွယ်ချက်ပေါ်မူတည်ကွဲပြားတာကြောင့် အသေးစိတ်အချက်အလက်တွေအတွက်ကတော့ ဂျပန်သံရုံး ဒါမှမဟုတ် ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့အင်တာနက်စာမျက်နှာ (https://www.mofa.go.jp/j_info/visit/visa/index.html)မှာ လေ့လာနိုင်ပါတယ်။ 

  ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားနေသူတွေအတွက်၊ အခုဖော်ပြခဲ့တဲ့ဗီဇာအမျိုးအစားတွေကိုလေ့လာပြီး၊ မိမိတို့နဲ့ကိုက်ညီမယ့် ဗီဇာရရှိအောင်ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်ဖို့မျှော်လင့်ပါတယ်။ 

ကိုးကား 

Saturday, February 10, 2024

Exploring the Enchanting Antique Fair at Gokokuji Temple!

今日は子供の授業参観の後、天気が良かったので、自転車で近所へ回った。家から10分ぐらいの護国寺へ行ってみることにした。

護国寺で偶然にも骨董市が開かれており、古風な雰囲気漂うお店がずらりと並んでいた。手工芸品やアンティーク、何でもあり!境内はまるでタイムスリップしたかのようだった。江戸時代の建物も見所のひとつ。

護国寺の骨董市はまるで宝探しのよう!そこでは歴史を感じる一品が見つかること間違いなし。あるお店では買い物客が絵の入った箱を手に、お店のおじさんに話しかける場面に遭遇。その絵の作者についての議論が盛り上がり、まるでタイムトラベルしたかのような雰囲気になった。

他のお店でも色々な品々を見て回り、和食器や色絵皿などの骨董の店で、店主のおじさんが小声で歌を歌っているのを聞いた。なんと、それは"Country Roads"の歌だった!

"Life is old there, older than the trees
Younger than the mountains, growing like a breeze
Country roads, take me home
To the place I belong"


♪♪♪♪♪♪♪♪♪♪♬♬♬♬♬♬♬♬♬♬♬♪♪♪♪♪♪♪♪♪♪

Today, after my child's school observation, I enjoyed a bike ride around the neighborhood as the weather was nice. I decided to visit Gokokuji Temple, just about a 10-minute ride from home.

To my surprise, there was an Antique Fair being held at Gokokuji Temple, and there were quaint shops lining up, exuding a vintage vibe.
They had everything from handicrafts to antiques! It felt like stepping back in time, with even a building from the Edo period as an attraction. It's certain that the antique market at Gokokuji Temple is like a treasure hunt!

You are sure to find something there that has a sense of history. At one store, I encountered a shopper holding a box containing some paintings and
asking about the artist behind that paintings, sparking a lively discussion that felt like time travel.

As I looked around at other shops, I heard softly singing at one of the antique shops selling Japanese tableware and painted plates.
It was the song "Country Roads"!

"Life is old there, older than the trees
Younger than the mountains, growing like a breeze
Country roads, take me home
To the place I belong"


# Gokokuji #護国寺 #骨董市 #Antique Fair