ခရစ်စယံ ထိပ်သီးရဟန်းမင်းကြီး ဂျွန်၂၃ဟာ ပျံလွန်တော်မူခါနီး ခရစယံထုံးစံ ဂေါဒ် ဘုရားသခင်ကို မတမ်းတဘဲ အို အမေ ဆိုပြီး နောက်ဆုံးတမ်းတသွားတယ်တဲ့။
ကံ
ကောင်းတဲ့ ကိုယ်အမူအရာ၊အပြောအဆို၊အကြံအစည်၊အတွေးအတော၊ အလုပ်အကိုင်စတဲ့ အလုပ်ကောင်းရင် ကံကောင်းတယ်။ အဲဒီတော့ ကုသိုလ်လည်းကောင်းလာတယ်။
ကံဟူသော လက်တွေ ့အလုပ်ဖြင့်သာလျှင် မိမိဧ။် ရုပ်တရားကို ပြုပြင်ရာဧ။်။
ယဉ်ကျေးခြင်း
အစစ်အမှန် ယဉ်ကျေးသောသူသည် အခြားသူတို့ဧ။် ကြည်လင်ရွှင်လန်း ကိုယ်စိတ်ချမ်းသာမှုကို လိုလားတောင့်တမြဲဖြစ်သည်။
ချမ်းသာကြီးပွားမှု
လူသားထု တရပ်လုံးဧ။် ချမ်းသာသုခ တိုးတက်ရျ် လာခဲ့လျှင်၊ သူဧ။် ချမ်းသာသုခလည်း တိုးတက်ရျ် လာလိမ့်မည်၊
မိမိနှင့် အတူနေ လူသားတစ်ဦးတစ်ယောက်သည် ဆင်းရဲဒုက္ခကို ခံစားနေရသမျှ ကာလပတ်လုံး မည်သူမျှ တကယ်တန်း ချမ်းသာကြီးပွားမှုကို မရနိုင်။
လူမှုရေးစံနစ်
ရာဇဝတ်မှုတွေ၊ အကြမ်းဖက်ရက်စက်မှုတွေဟာ ဘာသာမရှိတဲ့နိုင်ငံထက်၊ ဘာသာရှိတဲ့နိုင်ငံတွေက ပိုအဖြစ်များတာ တွေ ့ရကြားရတယ်။
ဒီတော့ လူ့ယဉ်ကျေးမှုဟာ ဘာသာတရားထက်၊ အခြေခံ လူမှုရေးစံနစ်က ပိုပြီးအရေးကြီး။
လှုတယ်ဆိုတာ အလကားစွန့်ကြဲတာ
လူတစ်ယောက်က မင်းကို နောက်၃ရက်ကြာရင် အိမ်တစ်လုံး၊ရွှေငွေလက်ဝတ် လက်စားတွေရစေ့မယ်။ ဒီနေ့သူကို ငွေတစ်ရာပေး ဆိုပါတော့။ မင်းကယုံကြည်ပြီး၊ မရှိမဲ့ ရှိမဲ့စုထားတဲ့ငွေ ဒါမှမဟုတ် သမီးဆွဲကြိုးလေးဖြစ်ဖြစ် ပေါင်ပေးလိုက်ရော ဆိုပါတော့။ ဟိုလူက သူပြောထားတဲ့ ၃ ရက်ကြာတော့ ပေါ်မလားဘူး။ အိမ်လည်းမရ၊ လက်ဝတ်ရတနာလည်းမရ။ မင်းကစောင့်ပါသေးတယ်။ တလလောက်အထိဆိုပါတော့သူ့ရှိက ပစည်ရဖို့မပြောနဲ့ လူတောင်မတွေရဘူးဆိုရင် အဲဒါဘာမှုလဲ။ လိမ်လည်မှုဆိုပြီး ဂါတ်တိုင်ရမှာပေါ့။
အဲ ဒါပေမယ့် မင်းကို နောက်ဘဝမှာ ဘယ်နတ်ဘုံမှာ ဘယ်ပြဿဒ်ကြီးနဲ့ ရွှေတဝင်းဝင်း၊ နတ်သမီး တဖက် ၅ဝဝနဲ့ စံစားခံစားနိုင်မယ်။ ဒီဘဝ ကိုယ့်ဘို့ပါအောင် လှုကြတန်းကြ၊ ဒါနတော ဘောဂဝါတွေ ဘာတွေနဲ့ ဟောလို့ မင်းက အကုန်ခံလိုက်ရင်၊နောက်ဘဝတကယ် အဲဒါတွေရရင်ရ၊ မရရင် မွတ်ကရောဘဲ။ အဲရဖို့ ဟုတ်မဟုတ် အကဲခတ်ရအောင်လည်း သူပြောတဲ့ ဟောတဲ့ဘုံက မင်းမပြောနဲ့ ပြောတဲ့ ဟောတဲ့သူကိုယ်တိုင်က အဲဒီဘုံဘယ်ဆီနေမှန်း မသိဘူးဆိုတော့ ခက်မနေဘူးလား။ မင်းတို့ လောကီမှာ အလိမ်ခံရတာဖြစ်ရင် ဂါတ်ကို တိုင်နိုင်သေးတယ်။ သူ့ကိုဘယ်သွားတိုင်ရမလဲ။ နောက်ဘဝမှာ ဆိုတော့ သူလဲမရှိဘူး။မင်းလဲ သေပြီလေ။ ဒါကြောင့် လှုတာ နဲ့ ဘဝကို ဖလှယ်တာမျိုးကတခြားစီဘဲ။
လှုတယ်ဆိုတာ အလကား စွန့်ကြဲတာကို ခေါ်တယ်။ ဒါနဟာ ဒါနသက်သက်။ အလကားပေးမှ မုတ္တ စာဂီဖြစ်မှဟုတ်တာ။ ဒါနကို လိုချင်မှု ကာမနဲ့ လဲလို့ ဘယ်ဖြစ်မလဲ။
ဟန်ဆောင်ခြင်း
လူသားသည် အကြောက် နှင့် အမျှော်ကို ရင်ခွင်ပိုက်မိသည်နှင့် တစ်ပြိုင်နက် ဟန်ဆောင်သမား ဖြစ်လာတော့ဧ။်။
သတ္တိ
ဒို့ဗမာတွေက မျက်စိမှိတ်ပြီး ဇွတ်လုပ်တဲ့ နေရာတော့ တော်တော် သတ္တိကောင်းတဲ့ လူမျိုးကလားကွ။
စရိယ ၃ ပါး
၁။ ဗုဒ္ဓတ္ထစရိယ၊
၂။ ဉာတတ္ထစရိယ၊
၃။ လောကတ္ထစရိယ။
ဗုဒ္ဓတ္ထစရိယ- ဗုဒ္ဓေါဆိုတဲ့ အတ္တဟိတ မိမိ ပဌမ ဘုရားအဖြစ် ရောက်ရမဲ့ သဗ္ဗညုတ ဉာဏ်တော်ကိုအရင်ဆုံး ရယူပြီးမှ၊ ပရဟိတဖြစ်တဲ့ ဉာတတ္ထစရိယ၊ လောကတ္ထစရိယ တာဝန်ကို ဖြည့်စွမ်းတော်မူနိုင်ခဲ့တယ်။ ဒီတော့ ဗုဒ္ဓတ္ထစရိယကို ဦးစွာ ပထမ မဖြည့်ဆည်းနိုင်ရင် ဒို့လူတွေမှာဖြစ်တဲ့ လောကတ္ထစရိယဆိုတာလဲ မဂ်ဉာဏ်-ဖိုလ်ဉာဏ် နိရောဓဟာ ဒီကမ္ဘာမှာ ပေါ်နိုင်ခဲ့မယ် မဟုတ်ဘူးကွ။ ဥပမာ- လူထုခေါင်းဆောင်တစ်ယောက်ပဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးပဲဖြစ်ဖြစ်၊ အဲဒီတာဝန်ကိုယူချင်ရင် မင်းမှာ ကိုယ်ကျင့်တရားဘက်ကရော၊အသိဉာဏ်အတွေးခေါ် ဆိုင်ရာဘက်ကရော ပထမ မင်းဟာမင်း ပြည့်စုံအောင် အရင်အားထုတ် ကျင့်ကြံရပေလိမ့်ဦးမယ်။
မြတ်စွာဘုရားရှင်ကြီးဖြစ်တဲ့ ကိုယ်တော်တိုင်မှ လောကတ္ထအမျိုး- ဉာတတ္ထအကျိုးအတွက် ရှေ့ရှုတော်မူရာမှ ဗုဒ္ဓတ္ထစရိယကို အရင်ရှေ့ရှုတော်မူရ ပါသေးတယ်။ လူ နှင့် လူချင်း မေတ္တာစေတနာပွားနိုင်အောင်၊ အများအကျိုး ရှေ့ရှုနိုင်အောင်လဲဘဲ လူတိုင်းလူတိုင်းဟာ ပထမ ကိုယ့်ဘက်က အရည်အချင်းခိုင်လုံဖို့ လိုပါတယ်။
လူသားသည် ဘာသာရေး သို့မဟုတ် နိုင်ငံရေးစသော မည်သည့် အစည်းအရုံးဧ။် ကျွန်သပေါက်မျှ မဖြစ်သင့်ချေ။
နိုင်ငံရေးလုပ်ချင်ရင် ကိုယ့်ဟာ ကိုယ်လုပ်၊ ကိုယ့်အမြင်နဲ့ ကိုယ်ဆုံးဖြတ်။
ဘာသာရေးလုပ်ချင်လည်း ကိုယ့်အသိနဲ့ ကိုယ်လုပ်၊ ကိုယ့် ၀ိမံသ ၀ိစာရဏဉာဏ်နဲ့ ချင့်ချိန်လုပ်။
ဒီလိုသာ တစ်ဦးချင်းအနေနဲ့ဒီလောကရဲ့ အကျိုး၊ မိမိရဲ့အကျိုးကို သမုတိသစ္စာအနေဖြင့်ယူယူ၊ ပရမတ္တသစ္စာအနေနဲ့ပဲယူယူ လုပ်ပါ။
ဒါပေမယ့် အဖွဲ့အစည်းဆိုတဲ့ အစည်းအရုံးတော့ မဖြစ်ပါစေနဲ့။
ကိုယ်တိုင်လဲ အဲ့ဒီ အဖွဲ့အစည်းတို့ ခိုင်းရာကို မျက်စေ့မှိတ်လုပ်ရတဲ့ ကျွန်သပေါက်တော့ မဖြစ်ပါစေနဲ့။


♪♪♪ထာဝရငြိမ်းချမ်းမှု ရှာကာပျော်ရွှင်နေ၊ သဘာဝရဲ့ ရင်သွေးငယ်တွေ♪♪♪
41. Be a mentor or coach to someone.
51. During bad weather, plan an indoor picnic with the family.
61. Figure out someone's half-birthday by adding 182 days,and surprise them with a cake.
71. Tell a child you're proud of them.
81. Organize a neighborhood cleanup and have a barbecue afterwards.
91. Send a copy of an old photograph to a childhood friend.
And last, but not least... 