Monday, January 28, 2008

Mittar Lan မေတ္တာလမ်း


အကြင်နာဝေဖြာသော အမှတ်တရလမ်းလေးပါ
ခေါ်ချင်ပါတယ်၊ လာဦးမလား။


စေတနာတွေအရိပ်မိုး၊ အေးချမ်းတဲ့အရိပ်မှာ
ခေါ်ချင်ပါတယ်၊ လာမှာလား။။

တစ်ယောက်ပြုံးရင်၊ တစ်ယောက်လည်းဝမ်းသာ
တစ်ယောက်မျက်ရည်၊ တစ်ယောက်ချွေးသိပ်ကာ
ပျော်စရာကမ္ဘာဆီ အတူတူသွားစို့လား။။

မာယာဝင်္ကဘာနဲ့၊ အတ္တကစားပွဲမှာ
သံသရာလည်ကာနေဦးမလား။

ဒဏ်ရာနဲ့ကလဲ့စား၊အမုန်းတရားတို့ဝေးရာ
ကြိုဆိုနေမယ်၊ လာမှာလား။

တစ်ယောက်လဲရင်၊ တစ်ယောက်ဖေးမကာ
အရှုံးအမြတ်တွေမရှိသော မေတ္တာ
ထာဝစဉ်ရင်မှာ၊တသွင်သွင် စီးဆင်းသွား။

ယုံကြည်စွာပေးဆပ်ကြသူတိုင်း၊
၇ရှိကြသူတိုင်းအေးချမ်းမှုအပြည့်ပေးဝေမှာ မေတ္တာ။ ။


လာချင်ရင်မင်းရဲ့အနီးမှာပါ၊ အဝေးကြီးမင်းထင်လား။
မင်းလျှောက်လိုက်ပေ့ါ၊အသွားအပြန်ရှိစမြဲပါ
တို့တွေ့ဆုံကြမယ်၊ မေတ္တာလမ်းကလေးမှာ။။

[***Happiness is multiplied by two and sorrow is divided by two. ***]

Monday, January 14, 2008

ငါအိုသွားသောအခါ


“ငါအိုသွားသောအခါ ငါဟာအရင်က “ငါ”မဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်း၊ဟင်းတွေ
အကျီ င်္ပေါ်လောင်းမိတဲ့အခါ၊အပေ့ါအလေးတွေ မနိုင်မနင်းဘဲ လုံချည်ထဲ သွားမိတဲ့အခါ ငါ့ကို
မရွံပါနဲ့။ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ”။


“အက်ကြောင်းထပ်မကပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးှဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်တွေကို မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။”


“မလှုပ်ရှားနိုင်လို့ရေချိုးဖို့အကူညီလိုတဲ့အခါ င့ါကိုမငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်ခါ၊ ခြောက်တစ်လှည့်ရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကို မြင်ယောင်ပေးပါ။”


“ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါကိုမလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်”တုန်းဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။”


“စိတ်သွားတိုင်း ကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးပါ။ လမ်းလျှောက်တတ်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်ပေးခဲ့ဖူးတဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ။”


“အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီတဲ့အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းတွေက ငါ့အတွက်
အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။”


“တစ်နေ့ထက်တစ်နေ့ အိုစားသွားတဲ့င့ါကိုကြည့်ပြီး ဝမ်းမနည်းပါနဲ့ ။ နားလည်ပေးပါ အားပေးပါ။ အရင်တုန်ုးက လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ
ငါ့ဘဝနောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။


အချစ်နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲက မဆုံးတဲ့ငါ့မေတ္တာတွေကို တွေ့ရမှာပါ။”




မှတ်ချက်။ ။ မိတ္ထီလာ ဘိုးဘွားရိပ်သာက စာတိုလေးကို မျှဝေပေးတာပါ။