Wednesday, April 30, 2008

အတွေးရထား


မြန်မာပြည်အလယ်ပိုင်းမှာ နေတိုင်း အပူချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်။ နေပူ၊ လေပူနဲ့ မြေပါပူတဲ့ နွေရာသီ။ ငယ်ငယ်က ဒီလိုပူပြင်းလှတဲ့ အချိန်ရောက်ပြီဆို--ရန်သူမျိုး၅ပါးထဲမှာ၊အင်မတန်ဆိုးဝါးလှတာ၊သူခိုးဓမြထက်ဆိုးတဲ့ရန်သူဟာ---- ဆိုတဲ့ သီချင်းသံဟာ နွေနဲ့အတူ ရပ်ကွက်ထဲမှာ ပျံလွင့်နေကြ။ နောက် ဘယ်မှာတော့ မီးလောင်လို့ဟေ့ ဆိုတဲ့အသံကလည်း နွေရဲ့အမှတ်သားတစ်ခုလိုပေါ့။

မြန်မာပြည်က နွေအကြောင်း စဉ်းစားမိတော့၊ တစ်ခုသော နွေရာသီမှာ ကျွန်မတို့မောင်နှမတွေ ကြုံတွေခဲ့ရတဲ့ အတွေ့ကြုံလေးတစ်ခုကို အမှတ်ယသွား မိတယ်။အဲဒီနေ့က ဖေဖေနဲ့ မေမေဟာ အလုပ်ကိစတစ်ခုနဲ့ အနီးနားက မြို့လေးတစ်မြို့ကို နေ့ချင်းပြန်ခရီးထွက်သွားကြတယ်။ အိမ်မှာက ကျွန်မတို့ မောင်နှမ၄ယောက်နဲ့ အိမ်စောင့်ပေးတဲ့အမကြီးရယ်ပဲ ကျန်ရစ်ခဲ့ကြတယ်။ မောင်နှမတွေအားလုံး ကလေးသဘာဝ ဆော့လိုက်တာ၊ကစားလိုက်တာ ကန်းကုန်ပေ့ါ။ အဲလိုနဲ့ညနေခင်းအချိန်လောက်ရောက်တော့ ဟိုဘက်ရပ်ကွက်က မီးသံချောင်း ခေါက်သံတွေနဲ့အတူ၊မီးသတ်ကားဥသြစွဲသံတွေပါကြားလိုက်ရတယ်။ ကျွန်မတို့ တွေလည်း မီးကိုလှမ်းမမြင်ရပေမယ့် အဲဒီရပ်ကွက်ရှိတဲ့ကောင်းကင်ဘက်ကို ၊ တန်းစီပြီး စပ်စုနေကြတာပေါ့။


အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်မှာ ဘွားဆို မီးတောက်ကြီးကတက်လာပါလေရော။ ကျွန်မတို့တွေ အရမ်းလန့်သွားမိတယ်။ ချက်ချင်းဆိုသလိုပဲ အသက် ၁၄လောက်အရွယ်ရှိတဲ့ အကိုအကြီးဆုံးနဲ့ သူ့အောက်ကအမတို့ဟာ၊ အိမ်စောင့့်ပေးနေတဲ့ အမကြီးကို ခေါ်ပြီးအိမ်ထဲကိုပြန်ဝင်သွားကြတယ်။ နောက် အပြင်မှာ ရပ်ကျန်နေရစ်တဲ့ အကိုငယ်လေးနဲ့ကျွန်မကိုပါ အကိုကြီးက အိမ်ထဲဝင်ခိုင်းပြီး၊ အကိုကြီးနဲ့ အမတို့ဟာ ဖေဖေတို့ အိမ်ခန်းဗီရိုထဲက ပစည်းတစ်ချို့ကို ထုတ်ပြီး စုပုံနေတာတွေ့ရတယ်။ အကြီးတွေအလုပ်ရှုပ်နေချိန်မှာ အကိုငယ်လေးကတော့ ကျွန်မ လက်ကိုဆွဲ၊ ရေချိုးခန်းရှိတဲ့ဘက်ကို ခေါ်သွားခဲ့တယ်။ နောက် ရေပိုင်စည်ထဲက ရေတွေနဲ့ ကျွန်မ ရဲ့ အဝတ်တွေကို ဆွတ်ဆွတ်ပေးယင်းနဲ့ သူ့ ပါးစပ်ကလည်း
မကြောက်နဲ့နော် ညီမလေး၊မကြောက်နဲ့နော် ညီမလေး ဆိုပြီး တတွတ်တွတ် ပြောနေတာကို
၄၊၅နှစ်အရွယ် ကျွန်မတစ်ယောက် အခုအချိန်အထိကောင်းကောင်း မှတ်မိနေခဲ့တယ်။


အကိုကြီးတစ်ယောက် ပစည်းတွေသိမ်းလိုက်၊အပြင်ထွက်ကြည့်လိုက်နဲ့။ စီမံခန့်ခွဲပြီး လှုပ်ရှားနေပုံက ကျွန်မ မြင်နေကြ ၁၄နှစ်အရွယ် အကိုကြီးမဟုတ်ဘဲ၊ ဖေဖေတို့မေမေတို့အရွယ် တကယ့် လူကြီးကြီးတစ်ယောက်လို ပဲပေါ့။ အဲဒီအချိန်တုန်းက အကိုကြီးဟာ သူကိုယ်သူ သူဟာ မောင်နှမတွေရဲ့ အကြီးဆုံး၊
တာဝန်အရှိဆုံးဆိုပြီး အငယ်တွေကိုလည်း ကာကွယ်၊ အိမ်ကိုလည်းစောင့်ရှောက်မယ် ဆိုတဲ့
တာဝန်ကိုဘယ်သူကမှတာဝန်ပေးတာမဟုတ်ပဲ၊သူ့အသိစိတ်နဲ့သူ ယူလိုက်တာ ဖြစ်မယ်။ ဒါပေမယ့် ၁၄နှစ်သား သူ့ရဲ့စိတ်တစ်နေနေရာမှာတော့ စိုးရိမ်စိတ်တွေနဲ့အတူ ရောက်ယက်ခတ်နေမလားပဲ။


အဲဒီအချိန်မှာပဲ ဖေဖေနဲ့မေမေဟာ မိုးပေါ်က ကျလာသလို အိမ်ကို ပြန်ရောက်လာတယ်။ ကျွန်မတို့အားလုံး အတင်းပြေးပြီး ဖေဖေနဲ့ မေမေကို ဖက်ထားလိုက်ကြတာ ယနေ့တိုင် အမှတ်ယနေဆဲပါ။ အဲဒီနောက် ဖေဖေက ကလေးတွေချည်းထားပြီး ဘယ်တော့မှ ဘာကိစနဲ့မှ မသွားတော့ဘူးလို့ မေမေကို ပြောခဲ့တယ်တဲ့။


အခုအချိန်မှာတော့ မိသားစုတွေအာလုံးဟာ အလုပ်ကိစနဲ့ တစ်ယောက်တစ်နေရာစီမှာ။ ဒါပေမယ့်၊ ဘယ်အချိန် ဘယ်နေရာကိုရောက်ရောက် ကျွန်မချစ်ရတဲ့ မိသားစုလေးကတော့ ရင်ထဲမှာ အမြဲရှိနေပါတယ်။။

Monday, April 7, 2008

Ludu Daw A Marအမေလူထုဒေါ်အမာ


ဒီနေ့ အင်တာနက်သတင်းထဲမှာ ချစ်ခင်လေးစားရတဲ့ သတင်းစာဆရာမကြီး၊စာရေးဆရာမကြီး အမေလူထုဒေါ်အမာဟာ ဒီနေ့မနက် (၈) နာရီ (၃ရ) မိနစ်မှာ မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးမှာဆုံးသွားပြီတဲ့။

၁၉၁၅ ခုနှစ်နိုဝင်ဘာ ၂၉၊ တနလာင်္နေ့မှာ မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့က မွေးဖွားခဲ့ပြီး၊

၂၀၀၈ခုနှစ်အေပြီလ ၇၊ တနလာင်္နေ့၊ အသက် (၉၃) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သင်္ခါရတရား ဆိုတာ ဘယ်သူမှပြေးမလွတ်ဘူး ဆိုတာ သိနေပေမယ့် ကိုယ်ချစ်တဲ့သူ၊လေးစားရတဲ့သူ၊ကိုယ်အနီးနားကလူတွေမှာကြုံလာတဲ့အခါ တည်ငြိမ်စွာ လက်ခံနှိုင်ဖို့မလွယ်ပါဘူး။

Saturday, April 5, 2008

Yevgeny Yevtushenko

ယက္ဗ္ဂ်င္နီ ယက္ဗ္တူရွင္ကုိ
ရုရှားလူမျိုး နာမည်ကျော်ကဗျာဆရာတစ်ဦး။
နောက်ရုပ်ရှင်သရုပ်ဆောင်၊ဇာတ်ညွန်းရေးသူ၊ဒါရိုက်တာစသည်ဖြင့်လုပ်ဆောင်ခဲ့ပါတယ်။

သူရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိထဲက ကောက်နုတ်မိသမျှတစ်ချို့ပါ။

အမျိုးကို ချစ်တတ်မှ
လူသားမျိုးနွယ်တစ်ခုလုံးကို ချစ်မြတ်နိုးဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်မလွယ်လှပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်အမျိုး၊ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးနိုင်မှသာ လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ တစ်ကမ္ဘာလုံးကို ချစ်မြတ်နိုးနိုင်ပါလိမ့်မယ်။

ကိုယ့်ထက်အားကြီးတဲ့သူကို အနိုင်ယူနိုင်တဲ့ စပယ်ရှယ် ဂျူဂျုဆု နည်း
ကိုယ်က အားနည်းပေမယ့် ကိုယ့်ထက်အားကြီးတဲ့သူတိုင်းကို ကြောက်စရာမလိုပါဘူး။
အရေးကြီးတာက ကိုယ့်ရန်သူ တစ်ဖက်သားရဲ့ ပျော့ကွက်ကို ပိုင်ပိုင်နိုင်နိုင်သိဖို့သာ လိုပါတယ်။ သူ့ပျော့ကွက်၊အားနည်းချက်ကို သိပြီးရင် သူ့ကို အနိုင်ယူနိုင်တဲ့ နည်းတစ်ခုခုကို သိဖို့ပါ။
လောကမှာ ဘယ်ဟာတွေ ဘယ်လောက်ပဲ အားကြီးအားကြီး သူ့တို့ကို အနိုင်ယူနိုင်တဲ့ စပယ်ရှယ် ဂျူဂျုဆု နည်းတစ်နည်း ကတော့ အမြဲတမ်း ရှိနေတာပါပဲ။ အဲဒီနည်းကို ကိုယ်က သိဖို့၊ရအောင် ရှာယူတတ်ဖို့ ပဲအရေးကြီးပါတယ်။

စိတ်ကူး နဲ့ ရည်မှန်းချက်
လူတစ်ယောက်မှာ စိတ်ကူးမရှိရင်၊ ရည်မှန်းချက်ပန်းတိုင်မရှိရင် သန်း<ကယ်သဌေးကြီးပင်ဖြစ်ပစေ ပျော်ရွင်မှုကိုမရနိုင်ပါဘူး။ ဘာမှမရှိတဲ့ ဆင်းရဲသားအတွက်ကတော့ ခံယူချက်၊ရည်မှန်းချက်ဆိုတာ မရှိမဖြစ်တဲ့ သူ့အတွက် အသက်ပါ။
လူဟာ မွေးကတည်းက ရည်မှန်းချက်နဲ့ မွေးဖွားလာတယ်။ ကြီးမားတဲ့ ဒုက္ခတွေကနေ ကြီးမားတဲ့ ရည်မှန်းချက်ကိုမွေးဖွားပေးပါတယ်။

ငယ်ရွယ်နုပျိုမှု
ငယ်ရွယ်နုပျိုမှုကို တိုင်းတာတဲ့နည်း တစ်နည်းပဲရှိပါတယ်။
အဲဒါဘာလဲဆိုတော့ စိတ်ဓာတ်အားဖြင့် ငယ်ရွယ်နုပျိုမှု ရှိမရှိ ကိုတိုင်းတာခြင်းပါ။
လူငယ်မျိုးဆက်နဲ့ လူကြီးမျိုးဆက်တို့ဟာ စိတ်ဓာတ်အားဖြင့် ငယ်ရွယ်နုပျိုမှု ကသာ အတူတကွ ပေါင်းစည်းနိုင်မှာပါ။

အမှန်တရား
အမှန်တရားကို ကိုယ်မှာရှာပြီး သူများကိုပေးပါ။ သူများဆီက ရှာပြီး ကိုယ့်အတွက် သိမ်းထားပါ။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်တယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံးယဉ်ကျေးမှုကို တစ်ပါးသူကိုပေးပြီး၊ တစ်ပါးသူရဲ့ အကောင်းဆုံးယဉ်ကျေးမှုအကူအညီနဲ့ ကိုယ့်ယဉ်ကျေးမှု <ကယ်ဝတိုးတက်အောင် လုပ်ဆောင်တာပါ။
***ယူသော်ရဧ။်ဆိုတဲ့ စကားအတိုင်း ယူတတ်တဲ့ သူတိုင်းအတွက်ဟာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ အဖိုးထိုက်တန်တဲ့ ရတနာသိုက်ကြီးပါ။***

Friday, April 4, 2008

George Washinton Carver


လူမည်းအမျိုးသားတစ်ဦး။
သူ့ဘ၀အတွက်လည်းကောင်း၊ သူတို့လူမျိုးအတွက်လည်းကောင်း၊ကမ္ဘာကြီးတစ်ခုလုံးလည်းကောင်း၊ ရုန်းကန်ပေးဆပ်ခဲ့သူ။
ငွေကိုမက်မောတွယ်တာခြင်းမရှိ၊ထင်ပေါ်ကျော်ကြားမှုနှင့်ဂုဏ်ပကာသနများကို ဂရုမထား၊
လူသားအချင်းချင်းကူညီရန်မှတစ်ပါး တခြားဘာကိုမှအလေးမထားသူ။
ပါမောက္ခ၊ပညာရေးသုခမိန်၊တီထွင်သူ၊ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။


သူရဲ့အတ္ထုပတ္တိထဲက ကောက်နှုတ်မိသမျှတစ်ချို့ပါ။

လောကအကြောင်းကို သိနားလည်လိုတဲ့ ဆန္ဒ
လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဟဲ့-ဖုန်ထဲမှာ မဆော့နဲ့ လို့ပြောတာဟာ အဲဒီကလေးကို သတ်တာပါတဲ့။ ဘာလို့လဲ့ဆိုတော့ ဖုန်ထဲမှာ အသက်ရှိနေတယ်။ ဖုန်၊မြေကြီး၊သစ်ရွက်၊သစ်ပင်နဲ့သစ်မြစ်တွေဟာ ကလေးငယ်အတွက်သူငယ်ချင်းတွေ၊ကစားစရာတွေ။နောက်လေ့လာစရာတွေပါ။


ယာသမား၊လယ်သမားရဲ့အလုပ်
အပင်တစ်ပင်ဟာ တစ်ချို့သောအရာတွေကို ရရှိဖို့လိုအပ်တယ်။ မြေကြီးကလည်းသူ့မှာပေးစရာတွေအများကြီးရှိနေတယ်။
ယာသမား၊လယ်သမားရဲ့ အလုပ်က အဲဒီ သစ်ပင်နဲ့မြေကြီးအကြားမှာ အဆင်ပြေပြေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ပေးရန်သာဖြစ်တယ်။

ဆရာ
မစ္စတာကာဗာကသူ့တပည့်တွေကိုသူအနေနဲ့ကျောင်းကိုရောက်လာတာဟာ တစ်ဦးတစ်ယောက်တည်းတိုးတက်အောင်ဆောင်ရွက်ပေးဖို့လာခဲ့ခြင်းမဟုတ်။ လူမျိုးတစ်မျိုးလုံးတိုးတက်အောင်ခေါင်းဆောင်ပေးနိုင်မယ့်သူတွေ ပေါ်ပေါက်လာရေးအတွက် ပညာသင်ကြားပေးဖို့လာတာလို့ အသိပေးလေ့ရှိပါတယ်။

အလုပ်
ကိုယ့်လူမျိုးကို တိုးတက်အောင် ခေါင်းဆောင်ပေးနိုင်မှသာ မင်းတို့ကိုယ်မင်းတို့ အောင်မြင်တယ်လို့ပြောနိုင်မှာ။ မင်းဝတ်ထားတဲ့ အ၀တ်အစား၊ ဘဏ်ထဲမှာထည့်ထားတဲ့ မင်းငွေတွေက မင့်ဘ၀ကို အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး။
မင်းရဲ့ အလုပ်ကသာ ဆုံးဖြတ်မှာ။


ထူးခြားမှုမရှိတဲ့ သာမာန်အရာတွေကို ထူးထူးခြားခြားနဲ့ ကောင်းအောင်လုပ်တတ်အောင် သင်ကြပါ။

သေခြင်းတရား
ငါဘယ်တော့သေမလဲ ဆိုတာက အရေးမကြီးပါဘူး။
အသက်ရှင်နေတုန်း အလုပ်ဘယ်လောက်လုပ်သွားနိုင်မလဲဆိုတာကသာ ပိုပြီးအရေးကြီးပါတယ်။

(***ပါရမီရှင်- မိမိအကျိုးအတွက် ငဲ့ကွက်လိုလားခြင်းဟူ၍ လုံးဝမရှိဘဲ အများအကျိုးအတွက်သာရှေးရှုခြင်း။***)