Sunday, August 3, 2008

ဖတ်ဖြစ်မိတဲ့ ပုံပြင်လေး

ရှေးခေတ်ဂျပန်ပြည်မှာ အလွန်စိတ်တိုတတ်တဲ့ ဘုန်းကြီးတစ်ပါးရှိပါတယ်။ သူဟာ ဘာလေးတစ်ခုကိုမှ သည်းသည်းမခံနိုင်ဘူးတဲ့။

သူနေတဲ့ကျောင်းနားမှာ ဖက်ယားပင်ကြီးတစ်ပင်ရှိတော့ အဲဒါကိုအစွဲပြုပြီး အနီးနားကလူတွေက သူ့ကို ဖက်ယားပင်ဆရာတော် လို့ ခေါ်ဝေါ်ကြတယ်တဲ့။
အဲလိုခေါ်ဝေါ်သံကို မကြာခဏကြားရတော့ ဒေါသထွက်ပြီး တစ်နေ့မှာ ဖက်ယားပင်ကြီးကို ခုတ်ပစ်လိုက်တယ်။

သစ်ပင်ကြီးခုတ်လို့ ငုတ်ချည်းကျန်တဲ့အခါ လူတွေက သစ်ငုတ်တိုဆရာတော်လို့ ပြောင်းခေါ်ကြပြန်တယ်တဲ့။

ဒါကိုကြားတော့လည်း သူမခံမရပ်နိုင်ဖြစ်ပြန်လို့၊ ဒါလောက်တောင်ရှိတာကွာဆိုပြီး သစ်ငုတ်ကိုပါ တူးထုတ်ပစ်လိုက်သတဲ့။ငုတ်မရှိတဲ့အခါမှာ လူတွေက တစ်မျိုးပြောင်းခေါ်တာပေါ့။

"ငုတ်တူးဆရာတော်" ဟူသတတ်။

☆*(у^∨^у)*☆
လူအတော်များများဟာ ကိုယ်မကြိုက်နှစ်သက်တဲ့ ကိစ္စနဲ့ကြုံလာရင် ခေါင်းအေးအေးထားမစဉ်းစားနိုင်။ဒေါသနဲ့ တုံပြန်တတ်ကြတယ်။ ဒေါသထွက်လေ လွဲလေဖြစ်တတ်တယ်။

ပြဿနာဆိုတာ ကိုယ်ကပြဿနာလို့ ခံယူမှ ပြဿနာဖြစ်တာပါ။ စိတ်အေးအေးထားရင် ကိစ္စ အတော်များများဟာ အသေးအမွှားသာဖြစ်တယ်။ ကိုယ်ကပုံကြီးချဲ့ခံစားတဲ့အခါမှာ အသေးအမွှားက အဆမတန်ကြီးသွားပြီး ကိုယ့်ကိုပင် ပိုပြီးဒုက္ခပေးပါတော့တယ်။

y(o^-^o)y
ကိုယ်လျှောက်သောလမ်းထဲ
ဘယ်ညာနံဘေး
တွေ ့ဆုံခဲ့ရ လူအများနဲ့။
အားပေးသူလည်းရှိရဲ့...
ကဲ့ရဲ့သူလည်းရှိရဲ့...
ပွဲကြည့်သူလည်းရှိပါရဲ့။။

အားပေးသူစကား၊အားဆေးအဖြစ်သဘောထား။
ကဲ့ရဲ့သူစကား၊ဆင်ခြင်တုံစကားအဖြစ်ပြောင်းကာထားလို့။
ကိုယ့်တာဝန်ကို ကိုယ်ယူယင်း၊
ခြေလှမ်းတွေကို ထိန်းမတ်ယင်းနဲ့၊
အရောက်သွားရမယ့် ပန်းတိုင်ဆီကို
သီချင်းသီကာ၊ အပြုံးဝေလို့
လျှောက်လှမ်းကြပါစို့။။
(v^-^v)♪