Monday, May 5, 2008

Cyclone Nargis and our Myanmar နာဂျစ်မုန်တိုင်းနဲ့ ကျွန်မတို့ မြန်မာပြည်

မေလ ၂ ရက်နေ့က မြန်မာပြည်မှာ တစ်နာရီမိုင်၁၂၀ရှိတဲ့ နာ၈ျစ်မုန်တိုင်း တိုက်ခတ်သွားခဲ့တဲ့အကြောင်းကို၊ စနေနေ့က သူငယ်ချင်း တစ်ယောက်ကပြောလို့ သိလိုက်ရတယ်။ ချက်ချင်းပဲ အိမ်ကိုဖုန်းဆက်ကြည့်တော့၊လုံးဝ ဆက်သွယ်လို့မရခဲ့ဘူး။ အိမ်ကိုမရတော့ တခြားဆွေမျိုးတွေဆီကို ဆက်ကြည့်တော့လည်း ဘယ်သူဆီမှ အဆက်သွယ်မရဘူး။ အရမ်းစိတ်ပူနေပြီ။ သူငယ်ချင်းတွေလည်း သူတို့အိမ်တွေနဲ့ အဆက်သွယ်မရကြဘူးတဲ့။ နောက်ဆုံး စိတ်ကို လျော့ပြီး၊ သတင်းတွေနဲ့ အင်တာနက်ဆိုက်တွေကနေပဲ မြန်မာပြည်က အခြေနေတွေကို ကြည့်ယင်း၊ အားလုံး ဘေးမသီရန်မခပါစေနဲ့ လို့ ဆုတောင်းနေခဲ့ရပါတယ်။
ဒီနေ့ သူငယ်ချင်းပို့ပေးတဲ့ အင်တာနက် သတင်းထဲမှာ နာဂျစ်မုန်တိုင်းကြောင့် လူပေါင်း ၄၀၀၀ နည်းပါးသေဆုံးခဲ့တယ်တဲ့။ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ မြန်မာ့အသံက လွှင့်သွားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြည့်လိုက်မိတော့ ကျွန်မရဲ့ ဦးဏှောက်ထဲမှာ အတွေးတွေးတွေ စီသွားခဲ့တယ်။ ပြောစရာ စကားလည်း မရှိတော့သလို ခံစားလိုက်မိတယ်။ သူငယ်ချင်းတို့ကော ဘယ်လိုခံစားမိကြပါသလဲ။

(လူ၄၀၀၀ သေဆုံးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်းတစ်ခု)

(လူ၄၀၀၀ သေဆုံးခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်းမြင်ကွင်းတစ်ခု)

(မုန်တိုင်းကြောင့် မီးမ၇ှိ၊ေ၇မလာ၊ သောက်သုံးေ၇ ပြတ်၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်(ကြက်ဥတစ်လုံး ၅၀၀ကျပ်တဲ့)။

{ကိုယ့်လူမျိုးကို တိုးတက်အောင် ခေါင်းဆောင်ပေးနိုင်မှသာ မင်းတို့ကိုယ်မင်းတို့ အောင်မြင်တယ်လို့ပြောနိုင်မှာ။
- ဂျော့ရှ်ဝါရှင်တန် ကာဗာ}

No comments: