Friday, June 26, 2009

♥♥မွေးရက်နဲ့တွက်ကြည့်ရအောင်။♥♥

သင်နံပါတ်ဘယ်လောက်လဲ၊
၁ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟုခေါ်သည်။ ၁ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည်မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုကအရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုးအတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘဝအဖေါ်ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ်ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့်ဆုံဆည်းကိန်းမရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။

၂ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်မွေးသူများကို ၂ ဂဏန်းပိုင်ရှင်များကအချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက်ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘဝအဖေါ်ကိုရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာ ကံခေ၍ ၂၂ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာပိုင်ဆိုင်ခွင့်ရှိမည်။

၃ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၃ ဂဏန်းသမားများဟုခေါ်သည်။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစားတစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့ သမျှကို နားလည်ခွင့်လွှတ်သောသူ၊ အနိုင်ယူ ရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကိုဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကိုအသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ်ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေး လွန်းသူဖြစ်သည်။

၄ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့်နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက်နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာဘဝမြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသောနှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြားအမြဲတွေေ၀ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။

၅ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။တွေေ၀ ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက်အရွယ်၊ ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်ဆန်သော နှလုံးသားဖြစ်သည်။

၆ ဂဏန်း သမားများ
မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ်အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည်။ ချစ်ခဲ၍အချစ်မြဲသည်။ မိသားစု အသိုင်းအဝိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့်ဆန့်ကျင်ရန် ဝန်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှအချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော်သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။

၇ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သောမေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ဝန်မလေးသော်လည်းအချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ဝန်လေးသည် ဘဝလမ်းကြောင်းတွင်မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။

၈ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင်ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံစေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်းမျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီးမနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါးပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။

၉ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။အလွန်အချစ်ခံလိုသည်။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစားအိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့်ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်းမြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန် သည်ဟုထင်ရလင့်ကစား အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည်။

ကဲ......သူငယ်ချင်းတို့ရေ-သူငယ်ချင်းတို့ရော နံပါတ် ဘယ်လောက်လဲ၊
သူငယ်ချင်းတို့အတွက် မှန်၊ မမှန် ကြည့်လိုက်ပါဦး။

♫♫မမိုးရေ-ပို့ပေးလိုက်တဲ့အီးမေးလ်ကို အားလုံးကိုဝေမျှပြီး

ပေးဖတ်လိုက်တယ်နော်။ကျေးဇူးပဲမ။အာရီဂတ်တိုး။♫♫

No comments: