ဘယ်တော့ပြန်လာမှာလဲ။
ပြန်မလာသေးဘူးလား…
သူငယ်ချင်းတွေနဲ့အမဝမ်းကွဲတွေကမေးလေ့ရှိပါတယ်။
ပြန်ချင်တာပေ့ါလို့ပြန်ဖြေယင်းနဲ့ကျွန်မသတိရမိတာကတော့
ဟိုးအဝေးက…. ကျွန်မရဲ့အမေ့နဲ့အမေ့အိမ်လေးကိုပါပဲ။
ကျမအတွက်မေတာတွေ၊နွေးထွေးမှု့တွေနဲ့လုံခြုံမှုဆိုတဲ့ခံစားချက်တွေကိုပါပေးနိုင်တဲ့နေရာလေးပါ။
အဝေးတစ်နေရာမှာကျွန်မစိတ်ညစ်တိုင်း၊စိတ်ဓာတ်ကျတိုင်းရောက်ရာအရပ်ကနေ
အမေ့အိမ်ကိုပြန်ချင်တယ်။နွေးထွေးတဲ့အမေရင်ခွင်မှာခိုပြီးစိတ်ညစ်စရာတွေကိုရင်ဖွင့်လိုက်ချင်တယ်။
ဒါပေမယ့်အဝေးတစ်နေရာမှာကြိုးစားယင်း၊ရုန်းကန်ယင်းအမေအိမ်ဆီပြန်ချင်ပေမယ့်မပြန်နိုင်ခဲ့ပါဘူး။
အိမ်နဲ့အကြာကြီးခွဲလာရမှအမေ့ရဲ့နွေးထွေးတဲ့ရင်ခွင်ကိုပိုပိုပြီးနားလည်လာခဲတဲ့အခါ၊
အမေနဲ့အတူရှိနေတုနိးကဒီအချိန်တွေက်ုိကျမတန်ဖိုးအရမ်းထားခဲ့မိရင်ကောင်းမှာပဲလို့…
မေမေနေကောင်းပါစေ။
Friday, May 4, 2007
Subscribe to:
Post Comments (Atom)

No comments:
Post a Comment