Saturday, May 5, 2007

ရိုးသားဖြူစင်စိတ် Scense of Honesty

ကျွန်မ၃၊၄တန်းအရွယ်လောက်ကပါ။

ကျွန်မတို့နေတဲ့အိမ်နားကိုတစ်ရက်ဆရာဝန်မိသားစုတစ်စုပြောင်းလာခဲ့ကြတယ်။
သူတို့နဲ့ကျွန်မမိဘတွေအိမ်နီးချင်းမိတ်ဖြစ်ဆွေဖြစ်စကားပြောကြယင်းသူတို့ဟာ
ေ၈ါ်ရခါးလူမျိုးဆိုတာသိခဲ့ရတယ်…ကလေးအရွယ်ကျွန်မအနေနဲ့မကြားဘူးတဲ့လူမျိုးစုနံမယ်ဖြစ်လို့အရမ်းကိုစိတ်ဝင်စားသွားခဲ့တယ်…ဘယ်လိုလူမျိုးတွေဆိုတာလည်းကလေးသဘာဝသိချင်လာခဲ့တယ်။

သူတို့နဲ့ကတစ်အိမ်ကျော်သာကွာတယ်လို့ဆိုပေမယ့်၊
ဝန်ထမ်းအိမ်ရာဆိုတော့တစ်အိမ်နဲ့တစ်အိမ်ကတမျှော်တခေါ်အတိုင်းအတာ…လူကြီးတွေကလည်းသူ့အလုပ်နဲ့သူရှုပ်နေကြတာဆိုတော့သိနိုင်ဖို့လမ်းစကလည်းမမြင်မိ။
နောက်ဆုံးမှာကျွန်မနည်းကျွန်မဟန်နဲ့သူတို့အကြောင်းတွေကိုရအောင်စုံစမ်းပြီး၊သူတို့ကိုမိတ်ဖွဲ့ဖြစ်ခဲ့ပါတယ်။

ကလေးအရွယ်ကျမအနေနဲ့သူတို့ငါ့ကိုကောပြန်ခင်ကြပါ့မလား၊ဘာလားဆိုတာကို ဘာကိုမှအထင်နဲ့မစဉ်းစားခဲ့ပါဘူး။
ဒါပေမယ့်ကျွန်မကြိုက်တဲ့a၈ါ်ရခါးသီးလိုပဲအပြင်ကစိမ်းပြီး၊အတွင်းကတော့ဖြူနေမှာပါလို့…။
ကလေးသဘာဝရိုးသားဖြူစင်တဲ့စိတ်နဲ့ခင်မင်ကြည့်လိုက်တဲ့အခါမှကျွန်မထင်တဲ့အတိုင်းပဲသူတို့ဟာသဘောကောင်းတဲ့အကြောင်းသိလာရတော့ကျွွှန်မအရမး်ကိုဝမ်းသာမိတယ်။

အဲဒီလိုကလေးဘဝကအပြုမှုမျိုးလိုပဲ အချိန်မရွေး၊နေရာမရွေး ကိုယ်ပတ်ဝန်းကျင်ကလူတွေနဲ့ လူမျိုး၊ဘာသာ၊စရိုက်တွေခြားလည်း၊ သူတို့ရဲ့ခင်မင်စရာ၊ချစ်စရာကောင်းတဲ့အပြုမှုလေးတွေကိုပဲရှာဖွေပြီး ရိုးသားဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့သာခင်မင်သွားမယ်ဆိုရင်…။

No comments: