အဆိုးမှန်သမျှဟာ ကောင်းဖို့ဖြစ်လာတာချည်းပါပဲ။
အဆိုးရှိလို့ အဆိုးကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ စွမ်းရည်သတ္တိ ပေါ်ထွက်လာတာပါ။
အဆိုးရောက်နေသူတွေရှိလို့ အဆိုးဖျောက်ပေးရတဲ့ကုသိုလ် ရနေတာပါ။
----------------------------
{မကျေနပ်ရင် ငုံံကြည့်လိုက်၊ ကျေနပ်ရင် မော့ကြည့်လိုက်}
ကိုယ့်ရဲ့ ပြည့်စုံမှုတွေနဲ့ ကိုယ်ကိုယ်ကိုယ် ကျေနပ်နေတယ်၊
လောဘ၊မာနတွေဖြစ်နေပြီဆိုရင်
ကိုယ့်ထက်ပြည့်စုံသူ၊ ချမ်းသာတဲ့သူကို မော့ကြည့်လိုက်စမ်းပါ။
{ကျေနပ်ရင် မေ့ပစ်လိုက်}
ကိုယ့်မှာကောင်းတဲ့အကျိုးတွေ၊
ကောင်းတဲ့ဂုဏ်တွေနဲ့ ပြည့်စုံနေပြီဆိုရင်
အဲဒီအကောင်းတွေကို မေ့ပစ်လိုက်ပါ။
----------------------------
ကိုယ်ကို ဝေဖန်ပုတ်ခတ်နေတယ်ဆိုတာ
ကိုယ့်ကိုနှိမ်ချပြောတယ်လို့ ထင်ရပေမယ့်
တကယ်တမ်းကျတော့
ကိုယ့်ကို ကောင်းချီးပေးနေတာပါ။
ကန့်လန့်တိုက်သောအားဖြင့် ကောင်းချီးပေးနေတာပါ။
ဝေဖန်ပုတ်ခတ်တဲ့ စကားလေးတွေ၊
မကောင်းပြောတဲ့ စကားလေးတွေကို နှလုံးသွင်းလိုက်တယ်။
နှလုံးသွင်းလိုက်တာနဲ့ တစ်ပြိုင်နက်
တွန်းအားတွေက အလိုလိုရလာတော့ပါတယ်။
အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ) – {၂၀၀၇ ခုနှစ် မေလ ထုတ်}

No comments:
Post a Comment