Sunday, February 10, 2008

ရဲရင့်သူတို့ဧ။်နေရာ

  1. ဝီရီယရှိတဲ့သူတွေဟာ

ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ

ကိုယ်လုပ်ရမယ့် အလုပ်ကို

နောက်ဆုတ်လေ့ ၊ ရွှေဆိုင်းလေ့

ရပ်တန့်ပစ်လေ့ မရှိပါဘူး။

မဖြစ်ဖြစ်တဲ့နည်းနဲ့

အလုပ်ပြီးအောင် လုပ်လေ့ရှိပါတယ်။

အဲဒါ ရဲရင့်မှုရှိလို့ပါပဲ။


ရဲရင့်စိတ်ထားရှိတဲ့

ဝီရိယပိုင်ရှင်တိုင်းဟာ

ကြုံလာသမျှ အခြေအနေတိုင်းကို

အလုပ်တစ်ခုခု တွင်ကျယ်အောင် လုပ်ဖြစ်ဖို့ပဲ

နှလုံးသွင်းလေ့ ရှိကြပါတယ်။

နှလုံးသွင်းတဲ့အတိုင်းလည်း

အရာထင်အောင် အလုပ်လုပ်ကြပါတယ်။
------------------------------
ရဲရင့်မှုမရှိဘဲအနှစ်တစ်ရာအသက်ရှင်ရတာထက်

ရဲရင့်မှုအပြည့်နဲ့တစ်ရက်တာအသက်ရှင်ရတာကပိုပြီးမြတ်ပါတယ်။

{Live for nothing or die for something} ဆိုတဲ့ စကားကိုသွားသတိရမိပါတယ်။
----------------------------

ဝီရိယဆိုတာ ရဲရင့်ခြင်း။
ဘာကို ရဲရင့်တာလဲ...
မိမိလုပ်နေတဲ့ မဓာနအလုပ်ရဲ့ ဆန့်ကျင်ဘက်အကြောင်းတရားတွေကို
ရဲရဲဝံဝံ ရင်ဆိုင်တဲ့ သဘောကို <<ဝီရိယ>> လို့ ခေါ်ရတယ်။
----------------------------
ဝီရိယ အရည်အသွေး ၄မျိုး
ငါ့ရဲ့ ခန္ဓာကိုယ်မှာ
အရေပဲ ကြွင်းကျန်ရင် ကြွင်းကျန်ပါစေ၊
အကြောပဲ ကြွင်းကျန်ရင် ကြွင်းကျန်ပါစေ၊
အရိုးပဲ ကြွင်းကျန်ရင် ကြွင်းကျန်ပါစေ၊
အသွေးအသားတွေ အားလုံး
ခမ်းခြောက်သွားရင် ခမ်းခြောက်သွားပါစေ။
ယောကျင်္ားရဲ့ အားအစွမ်း၊
ယောကျင်္ားရဲ့ ရဲရင့်မှု့၊
ယောကျင်္ားရဲ့ အားထုတ်မှုနဲ့
ရောက်သင့်ရောက်ထိုက်တဲ့နေရာဌာန ၊
ထိပ်ဆုံးအဆင့်အတန်းကိုမရောက်မချင်း
ငါရဲ့ ရဲရင့်စိတ်ဓာတ် ဝီရိယမြတ်ကို
ဘယ်တော့မှ ရပ်တန့်မပစ်ဘူး။
----------------------------
လောကမှာ
ယောနိသော မနသိကာရ ရှိတဲ့သူ
(စိတ်ထားတတ်တဲ့သူ)တွေဟာ
ကြမ်းတမ်းတဲ့ ဘဝရိုက်ချက်တွေကုိ
ကြီးမားတဲ့ စိတ်ခွန်အားတွေအဖြစ်
ပြောင်းလဲပစ်နိုင်ကြပါတယ်။
အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ) - {၂၀၀၃ ခုနှစ် ဧပြီလ ထုတ်}

No comments: