Tuesday, February 5, 2008

Funny ကြယ်ပွင့်လေးတွေ

♪♪♪ထာဝရငြိမ်းချမ်းမှု ရှာကာပျော်ရွှင်နေ၊ သဘာဝရဲ့ ရင်သွေးငယ်တွေ♪♪♪

၁။ မူကြိုတက်နေတဲ့ သမီးငယ်ကို သူအဖေက အိပ်ဖို့ သိပ်နေပေမယ့် မျက်လုံးပြူးနေအောင် ဖွင့်ထားလို့ သူ့ အဖေက ,
အဖေ--- သမီး မျက်စိမှိတ်အိပ်တော့လေ။
သမီး---မှိတ်လို့ မရဘူးဖေဖေရယ်။
သမီးမျက်လုံးမှိတ်လိုက်တိုင်း ကိုဖြိုးမျက်နှာပဲ မျက်စိထဲမှာ ပေါ်လာလို့။---တဲ့။
(ကိုဖြိုးဆိုတာသူ့အတန်းထဲကကောင်လေးလေ (●▽●))


(---အမ်ကေအန် ရဲ့ သမီးလေးအမှတ်တရ---)

၂။သူငယ်တန်းကျောင်းသူလေးတစ်ယောက်ကို သမီးကြီးရင် ဘာလုပ်မှာလဲ လို့မေးတော့

သမီး---တင်မိုးလွင် မော်ဒယ်လ် သင်တန်းတက်မယ်။
(---အမ်အက်စ် ရဲ့ သမီးလေးအမှတ်တရ---)

♪┗(^∇^*♪”

No comments: