♪♪♪ထာဝရငြိမ်းချမ်းမှု ရှာကာပျော်ရွှင်နေ၊ သဘာဝရဲ့ ရင်သွေးငယ်တွေ ♪♪♪
မူလတန်းကျောင်းသားလေး ၄ ယောက်ကို သူ့ဆရာက ကျောင်းနောက်မှာ ထားထားတဲ့ စဥ့်အိုးခပ်ကြီးကြီးတစ်လုံးကို မပြီး၊ ကျောင်းဘေးဘက်မှာ ချဖို့ပြောတော့ကျောင်းသားလေးတွေလည်း အပြေးလွှားသွားပြီး စဉ့်အိုးကိုသယ်ကြတာပေါ့။
ဘယ်လိုကြိုးစားသယ်သယ် စဉ့်အိုးကြီးက သူ့တို့အရွယ်နဲ့ အရမ်းကို ကြီးနေတော့ အဲဒီကလေး ၄ ယောက်လည်း ဆရာပြောတဲ့စကားတော့ ဖြစ်အောင်လုပ်မယ်ဆိုပြီး၊ သူတိ့ု ဉာဏ်ရှိသလောက်
စဉ့်အိုးကြီး၁ခုလုံးကို မနိုင်တော့၊ အဲဒီစဉ့်အိုးကြီးကို တစ်စဆီ ရိုက်ခွဲပြီး သယ်လာလိုက်ကြသတဲ့။
ပြီးတော့ ဆရာဆီကိုလည်း သူ့တို့လုပ်ပြီးတဲ့အကြောင်း ဝမ်းသာအားရ၊ သူထက်ငါအပြေးအလွှား သွားပြောကြတာပေါ့။
ဆရာလည်း လာကြည့်ရော၊ စဉ့်အိုးကြီးအစား စဉ့်အိုးကွဲစတွေပဲ တွေ့ရတော့ပါသတဲ့။
ကျောင်းဝင်းထဲမှာ သရက်ပင်ကြီးတစ်ပင်ရှိတယ်။ သရက်သီး သီးချိန်ရောက်တော့ ဆရာက ဦးဦးဖျားဖျား သရက်သီးကို ကျောင်းလှုထားတဲ့ ဘကြီးကို ပေးချင်တော့ သူ့ကျောင်းသားတွေကို မင်းတို့တွေ သရက်သီးတွေ ခူးမစားရဘူးလို့ မှာထားသတဲ့။ နောက်တစ်ပတ်လောက်ကြာတော့ သရက်ပင်ခြေရင်းသွားကြည့် သရက်ပင် ခပ်နိမ့်နိမ့်မှာ သီးနေတဲ့ သရက်သီးတော်တော်များများဟာ တစ်ခြမ်းပဲ့ နေတာကို သွားတွေ့တော့ ဆရာက သူ့တပည့်တွေကို စစ်သတဲ့။
ကျောင်းသား-- ဆရာကြီး က ခူးမစားနဲ့ဆိုလို့၊ ကျွန်တော်တို့ ခူးမစားပါဘူးခင်ဗျ။အောက်ကမှီတဲ့ အသီးတွေကိုပဲ အောက်ကနေ ခုန်ပြီး ကိုက်စားထားတာပါ ခင်ဗျာတဲ့။

(\(⌒∇⌒)/မိတ္ထီလာ ပရဟိတ မိဘမဲ့ ကလေးများကျောင်းက ကလေးငယ်တွေအားလုံး ကျန်းမာပျော်ရွှင်နိုင်ပါစေ။။\(⌒∇⌒)/)

No comments:
Post a Comment