Monday, April 7, 2008

Ludu Daw A Marအမေလူထုဒေါ်အမာ


ဒီနေ့ အင်တာနက်သတင်းထဲမှာ ချစ်ခင်လေးစားရတဲ့ သတင်းစာဆရာမကြီး၊စာရေးဆရာမကြီး အမေလူထုဒေါ်အမာဟာ ဒီနေ့မနက် (၈) နာရီ (၃ရ) မိနစ်မှာ မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးမှာဆုံးသွားပြီတဲ့။

၁၉၁၅ ခုနှစ်နိုဝင်ဘာ ၂၉၊ တနလာင်္နေ့မှာ မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့က မွေးဖွားခဲ့ပြီး၊

၂၀၀၈ခုနှစ်အေပြီလ ၇၊ တနလာင်္နေ့၊ အသက် (၉၃) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သင်္ခါရတရား ဆိုတာ ဘယ်သူမှပြေးမလွတ်ဘူး ဆိုတာ သိနေပေမယ့် ကိုယ်ချစ်တဲ့သူ၊လေးစားရတဲ့သူ၊ကိုယ်အနီးနားကလူတွေမှာကြုံလာတဲ့အခါ တည်ငြိမ်စွာ လက်ခံနှိုင်ဖို့မလွယ်ပါဘူး။

No comments: