ရုရှားလူမျိုး နာမည်ကျော်ကဗျာဆရာတစ်ဦး။
နောက်ရုပ်ရှင်သရုပ်ဆောင်၊ဇာတ်ညွန်းရေးသူ၊ဒါရိုက်တာစသည်ဖြင့်လုပ်ဆောင်ခဲ့ပါတယ်။
သူရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိထဲက ကောက်နုတ်မိသမျှတစ်ချို့ပါ။
အမျိုးကို ချစ်တတ်မှ
လူသားမျိုးနွယ်တစ်ခုလုံးကို ချစ်မြတ်နိုးဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်မလွယ်လှပါဘူး။ လူတစ်ယောက်ဟာ ကိုယ့်အမျိုး၊ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးနိုင်မှသာ လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ တစ်ကမ္ဘာလုံးကို ချစ်မြတ်နိုးနိုင်ပါလိမ့်မယ်။
ကိုယ်က အားနည်းပေမယ့် ကိုယ့်ထက်အားကြီးတဲ့သူတိုင်းကို ကြောက်စရာမလိုပါဘူး။
အရေးကြီးတာက ကိုယ့်ရန်သူ တစ်ဖက်သားရဲ့ ပျော့ကွက်ကို ပိုင်ပိုင်နိုင်နိုင်သိဖို့သာ လိုပါတယ်။ သူ့ပျော့ကွက်၊အားနည်းချက်ကို သိပြီးရင် သူ့ကို အနိုင်ယူနိုင်တဲ့ နည်းတစ်ခုခုကို သိဖို့ပါ။
လောကမှာ ဘယ်ဟာတွေ ဘယ်လောက်ပဲ အားကြီးအားကြီး သူ့တို့ကို အနိုင်ယူနိုင်တဲ့ စပယ်ရှယ် ဂျူဂျုဆု နည်းတစ်နည်း ကတော့ အမြဲတမ်း ရှိနေတာပါပဲ။ အဲဒီနည်းကို ကိုယ်က သိဖို့၊ရအောင် ရှာယူတတ်ဖို့ ပဲအရေးကြီးပါတယ်။
စိတ်ကူး နဲ့ ရည်မှန်းချက်
လူတစ်ယောက်မှာ စိတ်ကူးမရှိရင်၊ ရည်မှန်းချက်ပန်းတိုင်မရှိရင် သန်း<ကယ်သဌေးကြီးပင်ဖြစ်ပစေ ပျော်ရွင်မှုကိုမရနိုင်ပါဘူး။ ဘာမှမရှိတဲ့ ဆင်းရဲသားအတွက်ကတော့ ခံယူချက်၊ရည်မှန်းချက်ဆိုတာ မရှိမဖြစ်တဲ့ သူ့အတွက် အသက်ပါ။
လူဟာ မွေးကတည်းက ရည်မှန်းချက်နဲ့ မွေးဖွားလာတယ်။ ကြီးမားတဲ့ ဒုက္ခတွေကနေ ကြီးမားတဲ့ ရည်မှန်းချက်ကိုမွေးဖွားပေးပါတယ်။
ငယ်ရွယ်နုပျိုမှု
ငယ်ရွယ်နုပျိုမှုကို တိုင်းတာတဲ့နည်း တစ်နည်းပဲရှိပါတယ်။
အဲဒါဘာလဲဆိုတော့ စိတ်ဓာတ်အားဖြင့် ငယ်ရွယ်နုပျိုမှု ရှိမရှိ ကိုတိုင်းတာခြင်းပါ။
လူငယ်မျိုးဆက်နဲ့ လူကြီးမျိုးဆက်တို့ဟာ စိတ်ဓာတ်အားဖြင့် ငယ်ရွယ်နုပျိုမှု ကသာ အတူတကွ ပေါင်းစည်းနိုင်မှာပါ။
အမှန်တရား
အမှန်တရားကို ကိုယ်မှာရှာပြီး သူများကိုပေးပါ။ သူများဆီက ရှာပြီး ကိုယ့်အတွက် သိမ်းထားပါ။
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်တယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံးယဉ်ကျေးမှုကို တစ်ပါးသူကိုပေးပြီး၊ တစ်ပါးသူရဲ့ အကောင်းဆုံးယဉ်ကျေးမှုအကူအညီနဲ့ ကိုယ့်ယဉ်ကျေးမှု <ကယ်ဝတိုးတက်အောင် လုပ်ဆောင်တာပါ။
***ယူသော်ရဧ။်ဆိုတဲ့ စကားအတိုင်း ယူတတ်တဲ့ သူတိုင်းအတွက်ဟာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ အဖိုးထိုက်တန်တဲ့ ရတနာသိုက်ကြီးပါ။***

No comments:
Post a Comment