မေလ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး ဧရာဝတီတိုင်းကို ကိုယ်တိုင် သွားကြည့်ချင်ခဲ့တယ်။ ရုံးကလည်း ခွင့်ယူဖို့ဆိုတာ ချက်ချင်းမရခဲ့လို့ မုန်တိုင်းတိုက်ပြီး ၂လအကြာမှာမှ ခွင့်၁၀ရက်ရလိုက်တယ်။ ရုံးကလူကြီးကိုလည်း အရမ်းကို ကျေးဇူးတင်ကြောင်းကို ၀မ်းသာအားရပြောမိပါတယ်။
ချက်ချင်းပဲ သွားကြည့်ချင်တဲ့ဒေသတွေ၊ အဲဒီဒေသကလူတွေအတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးနိုင်မယ့် အလုပ်တွေကို စာရင်းပြုလိုက်တယ်။ နောက်သူငယ်ချင်းတွေထဲမှာလည်း မုန်တိုင်းဒဏ်ခံရတဲ့လူတွေကို အရမ်းကိုကူညီချင်တဲ့သူတွေရှိနေတော့ သူတို့ကိုလည်း အကြောင်းကြားလိုက်တယ်။ (အဲဒီသူငယ်ချင်းတွေထဲမှာ လေးစားစရာကောင်းတာက မုန်တိုင်းစဖြစ်ပြီးကတည်းက ဧရာဝတီတိုင်းက နေရာတော်တော်များများအတွက် သိန်းနဲ့ချီပြီး နံမည်လုံးဝမဖော်ပြပဲ လှုဒါန်းခဲ့ကြသူတွေလည်းပါပါတယ်။)
ဘိုကလေး၊လပ္ပတာနဲ့ မအူပင်၊ဒေးဒရဲစတဲ့ဒေသတွေက သွားဖို့စီစဉ်ဖြစ်ခဲ့တယ်။ နောက်ဆုံး ဒေသခံ စေတနာ့ဆရာဝန်တစ်ယောက်စီစဉ်ပေးမှုကြောင့် အားလုံးအစဉ်ပြေခဲ့တဲ့နေရာက ဒေးဒရဲအနီးက ကြုံးဒါးနယ်က ကြုံဒရယ်ဆိုတဲ့ ရွာကိုသွားဖြစ်ခဲ့တယ်။
မနက်၎နာရီခွဲမှာ ရန်ကုန်ကစထွက်ခဲ့ပြီး၊ ဒေးဒရဲမြို့ကို မနက် ၇နာရီခွဲ ကျော်ကျော်မှာရောက်ပါတယ်။
ကြုံဒရယ်ရွာမှာက အိမ်ခြေပေါင်း ၂၇၀ နဲ့ လူဦးရေ ၁၀၈၀ကျော်ရှိပါတယ်။ မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၃၅ ယောက် သေဆုံးခဲ့၇ပါတယ်။
မုန်တိုင်းနဲ့ ဘုန်းကြီးကျောင်းက အမိုးပါသွားသလို့ လူနေအိမ်ခြေအားလုံးနီးပါး မြေပေါ်မှာ ပြားပြားဝပ်ခဲ့တယ်တဲ့။ ကျွန်မရောက်သွားတဲ့အချိန်မှာတော့ ဘုန်းကြီးကျောင်းအမိုးတွေဟာ ပုဂလိကအလှုရှင်တွေကပြန်မိုးပေးထားတာတွေ့ခဲ့ရပြီး၊ မုန်တိုင်းကြောင့် ပြိုကျသွားခဲ့တဲ့ မူလတန်းကျောင်းကိုအခုအခါဘုန်းကြီးကျောင်းမှာပဲ ယာယီကျောင်း အဖြစ်ဖွင့်ထားတာ တွေ့ခဲ့ရပါတယ်။
မိုးရာသီဖြစ်တဲ့အပြင် မိုးများတဲ့ဒေသ၊ နောက် ရေကြီးတုန်းက တက်ခဲ့တဲ့ ရေတွေက ပြန်မကျသေးတဲ့ လူတွေနေတဲ့ နေအိမ်အောက်ခြေမှာ ရေတွေတော်တော်များများဝပ်နေတယ်။ ထရံကာ၊သွပ်မိုးနဲ့ ပြန်ဆောက်ပြီးထားတဲ့အိမ် ၄၊၅အိမ်လောက်ရှိသလို၊ ခြေတံရှည်မြေစိုက်ပြီး အကူညီရထားတဲ့တာလပတ်ကိုကာ၊မိုးထားတဲ့ နေဖြစ်ရုံဆောက်ထားတဲ့ တဲတွေက အတော်တော်များများတွေ့ခဲ့ရပါတယ်။ 

ဒီကြုံဒရယ်ရွာမှာ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းသူတွေများပြီး၊ မုန်တိုင်းအပြီးမှာ ၀မ်းစာအတွက် ရှိသမျှပိုက်ကလေးတွေစုပြီး တပိုင်တနိုင်ငါးဖမ်းတာတွေပြန်လုပ်နေကြပေမယ့်၊ လုပ်ငန်းအကြီးတွေကတော့ ပြန်လည် လည်ပတ်နိုင်မှုမရှိသေးပါဘူး။
အရင်တုန်းက စပါးစိုက်ခဲ့တဲ့ စပါးခင်းတွေကတော့ ဒီအတိုင်း ဘာမှစိုက်ပျိုးနိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။ မျိုးစပါးတွေရမယ်လို့ ပြောပါတယ်။ရက်အတိကျတော့မသိဘူးလို့ ဆိုပါတယ်။ ကျွန်မရောက်ခဲ့ချိန်က ဇူလိုင်လ ၅ရက်နေ့ဆိုတော့ ကြုံဒရယ်ရွာသားတွေအတွက် စိုက်ပျိုးချိန်မှ မှီပါ့မလားလို့ တွေးဖြစ်ခဲ့မိပါတယ်။
အရင်တုန်းက စပါးစိုက်ခဲ့တဲ့ စပါးခင်းတွေကတော့ ဒီအတိုင်း ဘာမှစိုက်ပျိုးနိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။ မျိုးစပါးတွေရမယ်လို့ ပြောပါတယ်။ရက်အတိကျတော့မသိဘူးလို့ ဆိုပါတယ်။ ကျွန်မရောက်ခဲ့ချိန်က ဇူလိုင်လ ၅ရက်နေ့ဆိုတော့ ကြုံဒရယ်ရွာသားတွေအတွက် စိုက်ပျိုးချိန်မှ မှီပါ့မလားလို့ တွေးဖြစ်ခဲ့မိပါတယ်။
၁။ ဒါန်အိုး
၂။ ခြင်ထောင်ကြီး
၃။ သောက်ရေသန့်ဆေးဗူး နဲ့
၎။ အ၀တ်အထည်တို့ကိုဝေပေးနိုင်ခဲ့ပါတယ်။
စုစုပေါင်းကုန်ကျစရိတ်က {၁,၄၁၂,၀၀၀}ကျပ်ပါ။ 

ဘုန်းကြီးကျောင်းပထမထပ်မှာ ရွာကလူတွေကိုစုပြီး၊ 
ဒုတိယထပ်မှာ ပစည်းဝေပေးတာဆိုတော့ တိုးကျိတ်တာတွေမရှိတော့သလို၊ အကူညီပေးတဲ့ ဆရာဝန်က ဝေပေးတဲ့ပစည်းတွေ အိမ်တိုင်းစေ့မရမှာစိုးလို့၊ ရွာသန်းခေါင် စာရင်းနဲ့အတူ ကိုယ်စားမယူရဆိုပြီးအိမ်တိုင်းကိုလက်မှတ်ထိုးပြီး၊ပစည်းတွေကိုယူစေပါတယ်။ အမြဲလုပ်ကိုင်နေကျသူဆိုတော့ အတုယူစရာပါပဲ။
ကြုံဒရယ်ရွာအတွက် မိတ်ဆွေသူငယ်ချင်းတွေရဲ့ ကူညီပေးမှု့ကို ရင်ထဲကနေ ကျေးဇူးတင်မိပါတယ်။
လှိုက်ခနဲဝမ်းသာသွားမိပါတယ်။
ကျွန်မ ကြုံဒရေးကလူတွေအတွက် လုပ်ပေးနိုင်ခဲ့တာက တကယ့်ကို နည်းနည်းလေး။ သေးသေးလေးပါ။
အဲဒီသေးသေးလေးဟာ အမေအိုတစ်ဦးအတွက် နည်းနည်းလေးပဲဖြစ်ဖြစ် အကျိုးပြုနိုင်သေးတာပါလားလို့ တွေးလိုက်မိချိန်မှာ အဲဒီခံစားမှုဟာ ပြောမပြတတ်အောင်ပါ။။♪

No comments:
Post a Comment