အခုတစ်လော ဂျပန်မှာကျောင်းတက်ချင်လို့ ကျောင်းသားဗီဇာနဲ့ပတ်သက်ပြီး မေးတဲ့သူတွေများတာကြောင့်၊ ကျောင်းတက်ဖို့စဉ်းစားတဲ့အခါ လုပ်ဆောင်ရမယ့်အဆင့်တွေကို မျှဝေပေးချင်ပါတယ်။
အဆင့် ၁ _ သတင်းအချက်အလက်စုဆောင်းခြင်း
မိမိတို့သင်ယူလိုတဲ့ ဘာသာရပ်၊ ဘာသာစကားစွမ်းရည်နဲ့ ကုန်ကျစရိတ်တွေကို စုံစမ်းရပါမယ်။
အဆင့် ၂ _ ကျောင်းရွေးချယ်ခြင်း
တစ်နှစ်လောက်ကြိုတင်ပြီး မိမိတက်လိုတဲ့ ကျောင်းရဲ့လမ်းညွန်နဲ့ ကျောင်း၀င်ခွင့်လျှောက်လွှာကိုတောင်းယူရပါမယ်။
ကျောင်း၀င်ခွင့်အရည်အချင်း၊ စာမေးပွဲစတာတွေကို စစ်ဆေးရပါမယ်။
အဆင့် ၃ _ စာမေးပွဲဖြေဆိုခြင်း
မိမိတက်ရောက်လိုတဲ့ကျောင်းရဲ့ လိုအပ်တဲ့စာမေးပွဲကိုဖြေဆိုပါ။ (JLPT, EJU, TOEFL, IELTS, SAT, IB, etc)
အဆင့် ၄ _ စာရွက်စာတမ်းတင်ခြင်း
၉လကနေ၆လလောက်ကြိုတင်ပြီး တက်ရောက်လိုတဲ့ကျောင်းသို့ လိုအပ်တဲ့စာရွက်စာတမ်းတွေပို့ရပါမယ်။ စာမေးပွဲကြေးကို ပေးချေရပါမယ်။
အဆင့် ၅ _ ၀င်ခွင့်ဖြေဆိုခြင်း
ကျောင်းဖက်ကနေ စာရွက်စာတမ်းတွေစီစစ်လက်ခံပြီးတဲ့အခါမှာ အင်တာဗျူးနဲ့ ကျောင်း၀င်ခွင့်စာမေးပွဲကို ဖြေဆိုပါမယ်။
အဆင့် ၆ _ ကျောင်း၀င်ခွင့်လုပ်ငန်းစဉ်များကိုဆောင်ရွက်ခြင်း
ကျောင်း၀င်ခွင့်စာရွက် ရလာပြီဆိုရင်၊ ကျောင်းလခပေးချေရပါမယ်။ ကျောင်းဖက်ကနေ Certificate of Eligibility လျှောက်ပေးပြီး၊ ကျောင်းသားဆီကို လှမ်းပို့ပေးပါမယ်။
အဆင့် ၇ _ ဂျပန်ကိုထွက်ခွာရန် ပြင်ဆင်ခြင်း
သံရုံးမှာ ဗီဇာလျှောက်ထားခြင်း၊ လေယာဉ်လက်မှတ်နဲ့ အာမခံအတွက်စီစဉ်၀ယ်ယူခြင်းလုပ်ရပါမယ်။
ဂျပန်နိုင်ငံမှာ ပညာသင်ကြားရန် လုပ်ဆောင်ရမယ့် အဆင့်ခုနစ်ဆင့်ကို မိတ်ဆက်ပေးခဲ့ပါတယ်။
စိန်ခေါ်မှုအသစ်ဆီကို သတ္တိရှိရှိလှမ်းလျှောက်ရင်း၊ ဂျပန်ပညာသင်ခရီး အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။။
#Planning to study in Japan
#Japan #studentvisa #study
#Japan #studentvisa #study

No comments:
Post a Comment