Saturday, February 17, 2024

ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လိုသူများအတွက် ဗီဇာအမျိုးအစားများ

 

  ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအတွက် မှန်ကန်တဲ့ဗီဇာရရှိဖို့ရာ အရေးကြီးပါတယ်။ ဂျပန်နိုင်ငံမှာက တင်းကျပ်တဲ့ ဗီဇာမူဝါဒတွေရှိပြီးရက်ပေါင်း ၉၀ ကျော်နေထိုင်ရန် စီစဉ်ထားတယ်ဆိုပါက၊ ဗီဇာရယူရန် လိုအပ်ပါတယ်။ 
 နိုင်ငံခြားသားအများစုအနေနဲ့ ဂျပန်နိုင်ငံကို မဝင်ရောက်ခင်ကတည်းက ဗီဇာရယူရန်လိုအပ်ပါတယ်။ ကျွန်မကိုယ်တိုင် ဂျပန်ကို စလာတုန်းက ဗီဇာယူဖို့ဆိုတာ ရှုပ်ထွေးတဲ့စိန်ခေါ်မှုတစ်ရပ်လိုခံစားခဲ့ရပါတယ်။ ဗီဇာရရှိအောင်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေဟာ ရှုပ်ထွေးနိုင်ပေမယ့်လည်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး၊ စာရွက်စာတမ်းတွေမှန်ကန်နေတယ်ဆိုရင် ဂျပန်နိုင်ငံမှာ ရေရှည်ဗီဇာ ရရှိနိုင်မှာဖြစ်ပါတယ်။ ဂျပန်ကိုလာမယ့်ရည်ရွယ်ချက် နဲ့ နေထိုင်လိုတဲ့ကာလအလိုက် ဂျပန်တွင်ရရှိနိုင်တဲ့ ဗီဇာအမျိုးအစား အမျိုးမျိုးရှိပြီး၊ အသုံးအများဆုံး ဗီဇာအမျိုးအစားတစ်ချို့ကို ပြောပြချင်ပါမယ်။
 

  • Tourist visa: ခရီးသွားဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံကို ခရီးသွားရန် သို့မဟုတ် လည်ပတ်ကြည့်ရှုလိုသူတွေအတွက် ဖြစ်ပါတယ်။ မိသားစု၊မိတ်ဆွေ၊သူငယ်တွေဆီကို သွားရောက်လည်ပတ်လိုသူများလည်း လျှောက်ထားနိုင်ပါတယ်။ အများဆုံးနေထိုင်ခွင့်က ရက် ၉၀ ဖြစ်ပါတယ်။

  •   Working visa: အလုပ်ဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် စီစဉ်နေသူများအတွက် ဖြစ်ပါတယ်။ အလုပ်ဗီဇာကို ဂျပန်ကုမ္ပဏီမှထုတ်ပေးပြီး၊ သက်တမ်းက တစ်နှစ်၊ သုံးနှစ် သို့မဟုတ် ငါးနှစ်ဖြစ်ပါတယ်။

  •  Student visa: ကျောင်းသားဗီဇာ- ဂျပန်တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ဘာသာစကားကျောင်းတွင် ပညာသင်ကြားရန် စီစဉ်နေသူများအတွက် ဖြစ်ပါတယ်။ သက်တမ်းက ပညာသင်ကြားနေစဉ်ကာလတစ်လျှောက် အကျုံးဝင်ပါတယ်။ 

  •  Dependent visa: မှီခိုဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံမှာ တရားဝင်အလုပ် သို့မဟုတ် ကျောင်းသားဗီဇာရှိသူ၏ မိသားစုဝင်များအတွက်ဖြစ်ပါတယ်။ 

  •  Technical intern training visa: နည်းပညာဆိုင်ရာ အလုပ်သင်လေ့ကျင့်ရေးဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံတွင် အလုပ်သင် သို့မဟုတ် လေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ရန် စီစဉ်နေသူများအတွက်ဖြစ်ပြီး၊ ငါးနှစ်အထိ သက်တမ်းရှိပါတယ်။ 

  •  Cultural activities visa: ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုဗီဇာ- ဒီဗီဇာက အထူးပြု ပညာရပ်ဆိုင်ရာ သို့မဟုတ် အနုပညာလှုပ်ရှားမှုများ ၊ ဂျပန်ယဉ်ကျေးမှု သို့မဟုတ် အနုပညာနှင့်ပတ်သက်သည့် သုတေသနနဲ့လုပ်ငန်းတွေမှာ ပါဝင်ရန်စီစဉ်သူများအတွက်ဖြစ်ပါတယ်။သက်တမ်းကတော့ ၃လ၊၆လ၊၁နှစ်၊၃နှစ်စသည့်ဖြင့်အမျိုးမျိုးရှိပါတယ်။ 

  •  Spouse or child of a Japanese national visa: ဂျပန်နိုင်ငံသား၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီး ဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံသားနှင့်တရား၀င် လက်ထပ်ထားသူများ၊သားသမီးများအတွက်ဖြစ်ပါတယ်။

  •  Permanent residency visa: အမြဲတမ်းနေထိုင်ခွင့်ဗီဇာ- ဒီဗီဇာက ဂျပန်နိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ပြီး ဘာသာစကားကျွမ်းကျင်မှု၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းကဲ့သို့သော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအတွက်ဖြစ်ပါတယ်။ 
  ဗီဇာလိုအပ်ချက်တွေနဲ့ လျှောက်ရမယ့်စာရွက်စာတမ်း၊လုပ်ငန်းစဉ်တွေက လာရောက်မယ့် ရည်ရွယ်ချက်ပေါ်မူတည်ကွဲပြားတာကြောင့် အသေးစိတ်အချက်အလက်တွေအတွက်ကတော့ ဂျပန်သံရုံး ဒါမှမဟုတ် ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့အင်တာနက်စာမျက်နှာ (https://www.mofa.go.jp/j_info/visit/visa/index.html)မှာ လေ့လာနိုင်ပါတယ်။ 

  ဂျပန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားနေသူတွေအတွက်၊ အခုဖော်ပြခဲ့တဲ့ဗီဇာအမျိုးအစားတွေကိုလေ့လာပြီး၊ မိမိတို့နဲ့ကိုက်ညီမယ့် ဗီဇာရရှိအောင်ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်ဖို့မျှော်လင့်ပါတယ်။ 

ကိုးကား 

No comments: