ဂျပန်ကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်ထဲမွာ ဆက်ဆံေရးေကာင်းမွန်စေဖို့နဲ့ လုပ်ငန်းဆောင်တာတွေအောင်မြင်ဖို့အတွက်ဆိုရင် လုပ်ငန်းခွင် ယဉ်ကျေးမှုတွေကိုနားလည်ထားဖို့ဆိုတာ အလွန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါ တယ်။
နိုင်ငံခြားမှာ အလုပ်လုပ်ဖို့သွားတာဟာ သာမန်အပျော်ခရီးသွားရတာနဲ့မတူပါဘူး။ ရေမြေရာသီဉတုနဲ့ ယဉ်ကျေးမှုကွာခြားချက်တွေပြည့်နှက်နေတတ်ပါတယ်။ အထူးသဖြင့်နိင်ငံခြားကိုတစ်ခါမှမသွားဖူးတဲ့သူတွေအနေနဲ့ နိုင်ငံခြားမှာအလုပ်လုပ်ဖို့အကြောင်းဖန်လာတဲ့အခါ အလုပ်အတွက်စိတ်ဖိစီးစရာတစ်ဖက်၊ ယဉ်ကျေးမှုနဲ့လုပ်ငန်းခွင်အတွက်စိတ်ဖိစီးစရာကတစ်ဖက်နဲ့ စိုးရိမ်ပူပန်ပြီးဗျာများနေတတ်ပါတယ်။
ဒီလိုအခြေအနေမွာ ဂျပန်ကုမ္ပဏီတွေရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေကို သိသင့်သလောက်ကြိုတင်သိထားမယ်ဆိုရင် စိတ်ပူပန်မှုနည်းသွားမှာပါ။
ဂျပန်ကကုမဏီတွေမှာ အလုပ်စဝင်ချိန် ဝန်ထမ်းအသစ်တွေကိုလေ့ကျင့်ပေးတဲ့ Business Manner တွေအထဲကတစ်ချို့ကိုမိတ်ဆက်ပေးချင်ပါတယ်။
#japanese #businessetiquette
Subscribe to:
Post Comments (Atom)

No comments:
Post a Comment