၁၉၉၀ ခုနှစ်၊ အောက်တိုဘာ ၂၀၊ စနေနေ့မနက်။
အဲသည်အရင်နေ့က အဖိုးဆုံးတာ ၅လပြည့်အခမ်းအနားနေ့ဖြစ်တယ်။ ကျွန်မအသက် ၁၅ နှစ်အရွယ်ပါ။ ဖေဖေ၊ မေမေနဲ့ကျွန်မတို့ ပုံမှန်အတိုင်းမနက်ခင်းကိုစတင်ခဲ့တယ်။ အဲဒီအချိန်ကဖေဖေ့အလုပ်က ပေးတဲ့အိမ်မှာနေခဲ့တယ်။ စနေနေ့မနက်ဆို မနက်တိုင်းခြံထဲမှာ ပုံမှန်သန့်ရှင်းရေးလုပ်နေခဲ့ကြတယ်။
ရုတ်တရက် ဖေဖေက "ရင်ဘတ်အောင့်နေတယ်" လို့ပြောပြီး အိမ်ထဲဝင်သွားတယ်။ မေမေနဲ့ကျွန်မက ရေတိုက်ပြီး အိပ်ရာမှာအနားယူခိုင်းခဲ့တယ်။ အိမ်နားက ဆရာဝန်ခေါပြီးစစ်ဆေးတဲ့အခါ "စက်တွေစုံတဲ့ဆေးရုံကြီးကိုသွားဖို့လိုတယ်" လို့ပြောတယ်။ ဖေဖေ့အလုပ်ကကားကိုခေါ်ပေမယ့် ချက်ချင်းမရဘဲ နာရီအတော်ကြာစောင့်ခဲ့ရတယ်။
နောက်ဆုံးမှာ ကားရောက်လာပြီး ဖေဖေ၊ မေမေနဲ့ဆရာဝန်တို့ ဆေးရုံကိုသွားခဲ့ကြတယ်။ ကျွန်မကအိမ်မှာနေပြီး အဖွားအိမ်ကိုသွားနေတဲ့ အစ်မဆီကိုဖုန်းဆက်ခဲ့တယ်။
နေ့လည်လောက်မှာ မေမေတို့ဆေးရုံကပြန်လာတဲ့အခါ ဆွေမျိုးတစ်ယောက်လည်းအတူပါလာခဲ့တယ်။ မေမေ့မျက်နှာကြည့်ပြီး မျက်နှာမကောင်းမှန်းသိခဲ့တယ်။ ဖေဖေက သတိလစ်နေသလိုပုံစံနဲ့ အိမ်ပြန်ရောက်လာပြီး၊ နောက်တော့မှနှလုံးရပ်သွားခဲ့တာကိုသိလိုက်ရတယ်။ ကျွန်မအလွန်တုန်လှုပ်နေပေမယ့် မေမေ့ကိုကူညီပြီး ဖေဖေ့ရုပ်အလောင်းကိုပြင်ဆင်ပေးခဲ့တယ်။
ဖေဖေ့တပည့်တွေရောက်လာကြပြီး ဈာပနပြင်ဆင်မှုတွေစတင်ခဲ့တယ်။ အဲဒီအချိန်မှာ တခြားမြို့တွေမှာပညာသင်နေတဲ့ အစ်ကိုနှစ်ယောက်က ဖုန်းဆက်လာခဲ့တယ်။ ထူးဆန်းစွာပဲ အဲဒီနေ့မှာ သူတို့နှစ်ယောက်အတူရှိနေလို့ အိမ်ကိုဖုန်းဆက်ခဲ့ကြတယ်။ ကျွန်မတို့အစ်ကိုဝမ်းကွဲက ဖုန်းကိုဖြေတဲ့အခါ အစ်ကိုတွေက တစ်ခုခုမှားနေတယ်လို့သိပြီး ဖေဖေဆုံးသွားကြောင်းသိလိုက်ရတယ်။ အစ်ကိုတွေလဲချက်ချင်းအိမ်ပြန်လာကြဖို့ဆုံးဖြတ်ခဲ့ကြတယ်။
အဲဒီနေ့မှာ ပုံမှန်လို့ထင်နေတဲ့ဘဝဟာ တခဏအတွင်း ပြောင်းလဲသွားခဲ့တယ်။
ဖေဖေ့ရုပ်အလောင်းရှေ့မှာ ကျွန်မ "မေမေကိုကိုယ်တတ်နိုင်သမျှ ဘယ်တော့မှမျက်ရည်မကျအောင် ကြိုးစားမယ်"လို့ ဂတိပေးခဲ့တယ်။
(မှတ်ချက် - မနေ့က အစ်ကိုကြီးရဲ့သားအကြီးက သားလေးမွေးဖွားခဲ့တယ်။ ဖေဖေအသက်ရှင်နေရင် သူ့ရဲ့ပထမဆုံးမြစ်ဖြစ်မှာပါ။ သတိရတယ်ဖေဖေ။ လွမ်းလည်းလွမ်းတယ်။)


October 20, 1990, Saturday morning!
The day before had been the fifth months anniversary memorial service for my grandfather's passing. I was 15 years old at the time. My father, mother and I began our morning as usual. We were living in company housing provided by my father's workplace. Every Saturday morning, we would do our regular cleaning in the yard.
Suddenly, my father said "My chest hurts" and went inside. Mother and I gave him water and made him rest in bed. We called a nearby doctor who examined him and said, "You need to go to a well-equipped hospital." We called my father's workplace to arrange a car, but none was immediately available and we had to wait for hours.
Finally when the car arrived, my father, mother and the doctor went to the hospital. I stayed home and called my sister who was staying at our grandmother's house.
Around noon, mother returned from the hospital with a relative. I could tell from her expression that something was wrong. My father came home unconscious, and I soon learned his heart had stopped. He had passed away from what the doctors said was his first heart attack. Though devastated, I helped mother prepare father's body for the funeral.
Father's apprentices began arriving and funeral preparations started. Around that time, my two brothers who were studying in different towns called home. Coincidentally, they were together that day. When our third cousin answered their call, they sensed something was wrong and soon learned of our father's passing. They immediately decided to return home.
That day, the normal life I had taken for granted changed in an instant. Before my father's body, I vowed: "I'll do everything I can to never let mother cry."
(Note: Yesterday, my eldest brother's first son had a baby boy. Had father been alive, this would have been his first great-grandchild. I remember you, Dad. I miss you too.)

No comments:
Post a Comment