
ဘယ်သူ့ကိုပဲဖြစ်ဖြစ်
ချစ်ခင်တွယ်တာနိုင်ပါတယ်။ဒါပေမယ့်..
အဲဒီချစ်ခင်တွယ်တာသူတွေနဲ့
ခွဲရမှာကိုတော့ မကြောက်နဲ့။
သူတို့က ခွဲသွားတော့မယ့်ဆိုရင်လည်း
မဟန့်တားနဲ့၊ မပိတ်ပင်နဲ့။
ထားရစ်လို့ ကျန်ခဲ့ရမှာကိုလည်း
ဝမ်းမနည်းနဲ့။
မလွဲသာလို့ ကိုယ်ကစတင်
စွန့်ခွာသွားရမယ့်ဆိုရင်လည်း
သွားချိန်တန်သွား ၊ ထားချိန်တန်ထားရတယ်လို့ သဘောထား။
ဘာပြုလို့လည်းဆိုတော့
တစ်နေ့နေ့မှာတော့ အားလုံးနဲ့
ခွဲခွာ ကွဲကွာ သွားရမှာမဟုတ်လား။
အခုကတည်းက
ကွေကွင်းကွဲကာ ခွဲခွာရတဲ့ဒဏ်ကို
ခံနိုင်ရည် ရှိနေစေချင်သား။
လက်ရှိအချိန်ကိုသာ အပျော်ဆုံးဖြစ်စေသား (-.- )~♪
{William Shakespeare}

No comments:
Post a Comment