နေ့စဉ်ပြောနေတဲ့ စကားတွေထဲမှာ နေ့စဉ်ပုံမှန်သုံးနေကျ စကားလုံးတွေအပြင်၊ ခေတ်သုံးစကား၊ဗန်းစကား၊ရေပန်းစားနေတဲ့ စကားဆိုပြီး ပုံစံအမျိုးမျိုးရှိတယ်နော်။ ခေတ်စကား၊ရေပန်းစားတဲ့ စကားတွေဟာလည်း တစ်နှစ်နဲ့ တစ်နှစ်မတူဘူး ဆိုတာ လူတိုင်း သတိထားမိကြမှာပါ။
ဂျပန်မှာ ၁၉၈၄ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း၊ အဲဒီနှစ်ထဲမှာ ခေတ်စားပြီးရေပန်းစားတဲ့ စကားလုံးသစ်တွေထဲက လူတွေအသုံးများပြီး၊ လက်ရှိပတ်ဝန်းကျင်ကိုလည်း ထင်ဟပ်စေမယ့် စကားလုံးသစ်ကို ရွေးချယ်ပြီး စကားလုံးသစ်ဆု (新語・流行語大賞 ShinGo-RyuuKouGo Taishou) ဆိုပြီး အဲဒီစကားလုံးသစ်ကို ထွင်တဲ့လူ၊အဖွဲ့စည်းကို ဆုပေးလေ့ရှိပါတယ်။
မနှစ်က အဲဒီဆုစာရင်းထဲမှာ Net Cafe refugees (ネットカフェ難民 Netto Kafe Nanmin) ဆိုပြီး စကားလုံးသစ် ခေတ်စားခဲ့ပါတယ်။ စကားလုံးတီထွင်တဲ့သူက အလုပ်လုပ်နေတဲ့သူတွေဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Internet Café မှာပဲအိပ်နေကြရတဲ့သူတွေကို ရည်ရွယ်ပြီး NTVအသံလွှင့်ဌာနက စတင်အသုံးပြုခဲ့ရာက ခေတ်စားလာတာပါ။ (မှတ်ချက်-ဒါပေမယ့် အခုအခါ အလုပ်ကိုင်မဲ့၊နေထိုင်စရာအိမ်မရှိတဲ့ လူတွေက Netto Kafe Nanmin အဖြစ် -အဖြစ်များ နေကြပါတယ်။)
ဂျပန်နိုင်ငံအလုပ်သမား ၀န်ကြီးဌာနက ၂၀၀၇ ခုနှစ်၈လပိုင်းက ကောက်ယူတဲ့စစ်တမ်းအရဆိုရင်-ဂျပန်နိုင်ငံမှာNet Cafe refugeesတွေ ၅၄၀၀ လောက်ရှိတယ်လို့သိရပြီး၊ Net Café တွေအပြင် ဇယားမှာဖော်ပြထားတဲ့နေရာတွေကိုလည်း အိပ်စရာနေရာအဖြစ် ရွေးချယ်တာကိုတွေ့ရပါတယ်။

အခုအခါ တိုကျိုမှာ Internet Café အပြင် Internet Room ဆိုပြီး အချိန်ပိုင်းနဲ့တင်မဟုတ်ပဲ၊ တစ်နေ့ကို ယန်း ၁၃၀၀- ၁၅၀၀(ဒေါ်လာ၁၃-၁၅လောက်)နဲ့ ငှားနိုင်တဲ့ နေရာတွေလည်း တွေ့နေရပါတယ်။ တစ်ခါတစ်ရံ စာရေးဖို့၊အာရုံစိုက်ပြီးအလုပ်လုပ်ဖို့ ဆိုပြီး စမ်းသုံးကြည့်တဲ့သူတွေလည်းရှိပါတယ်။ (အခန်းကကျဉ်းလွန်းတော့၊ မကြာခဏ အပြင်ထွက်ပြီး အပြင်လေကို ရှုရတယ်။ နေသားကျဖို့တော့ အချိန်နည်းနည်းလို့မယ်လို့ စမ်းသုံးကြည်တဲ့သူက ဆိုပါတယ်။(~▽~@))

ပြောင်းလဲလာတဲ့ စီးပွားရေးပုံစံနဲ့ လူနေမှုစနစ်ကနေ ပေါ်ထွက်လာတဲ့ နေထိုင်မှုစနစ်ပုံစံသစ်တစ်ခုလို့ ဆိုနိုင်မလားရှင်။(* ̄▽ ̄*)~♪

No comments:
Post a Comment